Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဧက ၁၇ သိန်းကျော် စိုက်ပျိုးသွားရန်လျာထား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းစသည့်

သီးနှံများကို၁၇၄၆ဝ၉၈ ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ညွန့်ထံက သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် မြစ်ချောင်း၊ ဆည်မြောင်း၊ တာတမံများနှင့် မြစ်ရေတင်စီမံကိန်းများဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးရေအခက်အခဲရှိသော အမြင့်ပိုင်းများ၊ ချင်းတွင်းမြစ်ဝှမ်း၊ မြစ်သာ
မြစ်ဝှမ်း၊ မူးမြစ်ဝှမ်းဒေသများတွင် အဓိကထားစိုက်ပျိုးကြောင်း သိရသည်။

 

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးသွားရန်လျာထားမှုအရ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် မြေပဲ ၆၁၂၂၁ ဧက၊ နှမ်း ၉၂၃၈၂ ဧက၊ နေကြာ ၆၈၅ဝ၅ ဧက ၊  ပန်းနှမ်း ဧက ၁၈၉ဝ၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် မြေပဲ ဧက ၄၁၇ဝဝ၊ နှမ်း ၁ဝ၈၈၅၆ ဧက၊ နေကြာ ဧက ၈၅၇ဝဝ၊ ပန်းနှမ်း ဧက ၁၃၈ဝ၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် မြေပဲ ၃၄၉၉၂ ဧက၊ နှမ်း ၅၇၆၅၄ ဧက၊ နေကြာ  ၉၇၂၂၄ ဧက၊ ပန်းနှမ်း ဧက ၁၆၁၉ဝ၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင် မြေပဲ ၁ဝ၇၃၂၄ ဧက၊ နှမ်း ၂၁၂၅၄၈ ဧက၊ နေကြာ ဧက ၂၁၉၁ဝ၊ ပန်းနှမ်း ဧက ၈၉ဝ၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် မြေပဲ ၉ဝ၉၃၄ ဧက၊ နှမ်း ၁၁၁၁၅၃ ဧက၊ နေကြာ ၂၈၁၂၉ ဧက၊ မုန်ညင်း ဧက ၈၉ဝ၊ ပန်းနှမ်း ဧက ၃၁၉ဝဝ၊  ကသာခရိုင်အတွင်းရှိ မြို့နယ်ခုနစ်ခုတွင် မြေပဲ ၉၂၉၈၈ ဧက၊ နှမ်း ၆၉၂ဝ၈ ဧက၊ နေကြာ ၄၆၈၄၁ ဧက၊ မုံညှင်း ၅၁၇၂ ဧက၊ ပန်းနှမ်း ဧက ၄၉၅ဝဝ၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် မြေပဲ ၄၄၈၃၃ ဧက၊ နှမ်း ၇ဝ၆၄ ဧက၊ နေကြာ ၆၆၆၉၂ ဧက၊  မုန်ညင်း ဧက ၁ဝဝ၂ဝ၊ ပန်းနှမ်း ၆၈၅၉ ဧက၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် မြေပဲ ၁၅၅၃၇ ဧက၊ နှမ်း ၃ဝ၈၅ ဧက၊ နေကြာ ဧက ၇၂ဝဝ၊ မုန်ညင်း ဧက ၂၆၅ဝ၊  ပန်းနှမ်း ၃၄၆၇ ဧက၊ တမူးခရိုင်အတွင်းရှိ မြို့နယ်တစ်ခုတွင် မြေပဲ ဧက ၁၈၂ဝ၊ နှမ်း ၅၂၃၅ ဧက၊ နေကြာ ဧက ၁၅၈ဝ၊ မုံညှင်း ဧက ၂၂ဝဝ၊ ပန်းနှမ်း ၅ဝ၇ ဧက၊ ခန္တီး ခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် မြေပဲ ဧက ၄၁၇ဝဝ၊ နှမ်း ၁ဝ၈၈၅၆ ဧက၊ နေကြာ ဧက ၈၅၇ဝဝ၊ ပန်းနှမ်း ဧက ၁၃၈ဝ စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

Source: The Mirror

Read times Last modified on Tuesday, 06 November 2018 11:13
Rate this item
(1 Vote)