Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ ဧက ၈၄၀၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ

ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ ဧက ၈၄၂၄၈၈ ဧက စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

 

ယင်းစိုက်ပျိုးထုတ်လုပ်မည့် ဆီထွက်သီးနှံများမှာ မြေပဲ ၂၉၃၅၈၈ ဧက၊ နှမ်း ၄၇၉၀၀၀ ဧက နှင့် နေကြာ ၆၉၉၀၀ ဧက စုစုပေါင်း ၈၄၂၄၈၈ ဧက ဖြစ်ကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စုစုပေါင်း ၈၁၃၈၂၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရပါတယ်။

 

ယခုနှစ်မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်း မြေပဲ ၅၀၆၈၆ ဧက၊ နှမ်း ၄၇၈၇၈ ဧကနှင့် နေကြာ ၁၄၉၃၈ ဧကကိုလည်းကောင်း၊ မုံရွာခရိုင်အတွင်းမြေပဲ ၅၄၂၁၁ ဧက၊ နှမ်း ၁၁၂၉၅၁ ဧကနှင့် နေကြာ ၂၄၅၈၈ ဧကကိုလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း မြေပဲ ၃၀၈၉၁ ဧက၊ နှမ်း ၂၂၁၀၁၉ ဧကနှင့် နေကြာ ၂၂၇၀၀ ဧကကိုလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း မြေပဲ ၁၁၃၇၆၁ ဧက၊ နှမ်း ၄၃၉၆၇ ဧကနှင့် နေကြာ ၇၆၂၀ ဧကကိုလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း မြေပဲ ၄၃၁၃၉ ဧကနှင့် နေကြာ ၅၄ ဧကကိုလည်းကောင်း၊ ကသာခရိုင်အတွင်း မြေပဲ ဧက ၉၀၀ နှင့် နှမ်း ၃၅၀ ဧက ကိုလည်းကောင်း၊ ကလေးခရိုင်အတွင်း နှမ်း ၅၂၀၁၇ ဧကကိုလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း နှမ်း ၉၈ ဧကကိုလည်းကောင်း၊ ခန္တီးခရိုင်အတွင်း နှမ်း ၁၅၀ ဧက ကိုလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နှမ်း ၅၆၀ ဧကကိုလည်းကောင်း စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:42
Rate this item
(2 votes)