Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသားတိုးကြက် ဈေးပြန်တက်

အသားတိုးကြက်သားဈေးကျဆင်းနေခဲ့သည့် အသားတိုးမွေးမြူရေးကြက်အရှင် ဈေးကွက်မှာ မေလ ၁၇ ရက်နေ့၌

ဈေးပြန်လည်မြင့်တက်ခဲ့ကြောင်း ဟင်္သာတခရိုင်အတွင်းရှိမွေးမြူရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါတယ်။

 

မေလ ၁၆ ရက်နေ့အထိ ပိဿာတစ်ရာလျှင် နှစ်သိန်းရှစ်သောင်းကျပ်ဖြင့် ဝယ်လိုအားနည်းပါးနေသည့် အသားတိုး မွေးမြူရေးကြက်အရှင် ဈေးကွက်မှာမေလ ၁၇ ရက်နေ့တွင် ပိဿာတစ်ရာလျှင် သုံးသိန်းနှစ်သောင်းကျပ်ဈေးဖြင့် ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း ယင်းလုပ်ငန်းရှင်များကပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့သည့် မေလဆန်းမှစ၍ မေလ ၈ ရက်နေ့အတွင်းအသားတိုးကြက်ပိဿာတစ်ရာလျှင် ကျပ်နှစ်သိန်းရှစ်သောင်းဈေးအထိဈေးကျဆင်းခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးမြအောင်ကပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ကြက်အရှင် ပိဿာတစ်ရာလျှင် ကျပ်သုံးသိန်းဝန်းကျင်ဈေးဖြင့် ရောင်းချရပါက အရင်းတိုက်အဆင့်သာဖြစ်ပြီး အကျိုးအမြတ်မရှိကြောင်း၊ ပိဿာတစ်ရာလျှင် ကျပ်သုံးသိန်းခွဲဈေးအနည်းဆုံးရရှိမှသာ သင့်တင့်သည့် အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်း၊ ၄၅ ရက်တစ်ကြိမ် ထုတ်လုပ်ရောင်းချရသည့် အသားတိုးကြက်အရှင်များကို ကြက်ခြံအများစု ပြိုင်တူရောင်းချရက် ဆုံသွားပါကလည်း အဝယ်ဈေးကျဆင်းလေ့ရှိပြီး စားသုံးသူဈေးကွက်အတွင်း ဈေးကျဆင်းမှု မရှိကြောင်းမွေးမြူရေးလုပ်ငန်းရှင် ဦးခင်စန်းကရှင်းပြခဲ့ကြောင်း သိရပါတယ်။

 

Source: Voice


Read times Last modified on Tuesday, 18 September 2018 13:33
Rate this item
(1 Vote)