Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အေးခဲအသား၊ ရေထွက်ကုန်များနှင့် ယင်းတို့ကို အခြေခံပြုလုပ်ထားသော စားသောက်ကုန်များ နယ်စပ်မှ တင်သွင်းခွင့်ရပ်ဆိုင်းမည်

နယ်စပ်များမှ အေးခဲအသား၊ ရေထွက်ကုန်များ အပါအဝင် ယင်းတို့ကို အခြေခံပြုလုပ်ထားသော စားသောက်ကုန်များ တင်သွင်းခြင်းကို မတ်လ ၁ ရက်တွင် စတင်ရပ်ဆိုင်းမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

 

နယ်စပ်စခန်းများတွင် စားသုံးသူ ဘေးကင်းရေး စစ်ဆေးမည့် ဓာတ်ခွဲခန်းများ ပြည့်စုံမှုမရှိခြင်းကြောင့် တင်သွင်းမှုကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

 

အေးခဲအသား (အစို)၊ အေး ခဲရေထွက်ကုန် ပစ္စည်းများ၊ အသားအမျိုးမျိုးနှင့် ရေထွက်ကုန်ပစ္စည်းကို အခြေခံအသုံးပြု ထုတ်လုပ်ထားသော စားသောက်ကုန်များကို နယ်စပ်မှ တင်သွင်းခွင့် မပြုသော်လည်း ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်ပြုမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံနယ်စပ်မှ အေးခဲအသား၊ ရေထွက်ကုန်များ တင်သွင်းရာတွင် ထိုင်းနိုင်ငံမှ ဝက်သား၊ တရုတ်နိုင်ငံမှ ကြက်သား တင်သွင်းမှုများကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

 

နယ်စပ်မှ တင်သွင်းမှုရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ ‘‘ဒီလို လုပ်လိုက်တာကောင်းပါတယ်။ ပြည်တွင်းမှာလည်း လုံလောက် အောင်ထုတ်နေနိုင်ပြီလေ’’ ဟု ၎င်းကပြောသည်။

 

နယ်စပ်မှ အေးခဲအသားများ တင်သွင်းရာတွင် တရားဝင်တင်သွင်းမှုများအပြင် တရားမဝင်တင်သွင်းမှုများလည်း ရှိနေသည်ဟု မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။

 

ပြည်တွင်းအသားထုတ်လုပ်ရေးကဏ္ဍအတွက် လက်ရှိနိုင်ငံခြားကုမ္ပဏီ ၁၀ ခုကျော်က ရင်းနှီမြှုပ်နှံပြီး လုပ်ဆောင်နေသည်ဟု ဒေါက်တာကျော်ထင်ကပြောသည်။

 

ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ တောင်ကိုရီးယား၊ နယ်သာလန်၊ ထိုင်ဝမ်စသော နိုင်ငံတို့မှ အသားကုမ္ပဏီများက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံပြီး အ သားထုတ်လုပ်နေကြောင်း ၎င်း ကဆိုသည်။

 

Source: 7 day news

Read times Last modified on Friday, 15 February 2019 11:38
Rate this item
(1 Vote)