Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးသူအခွင့်အရေးနစ်နာမှုများအတွက် အချက်အလက်ပြည့်စုံစွာတိုင်ကြားလာပါက ဖုန်းဘေသုံးထောင်ပြန်ပေးမည်

ပြည်တွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုကြသည့်စားသုံးသူများအနေဖြင့် မိမိတို့၏ရပိုင်ခွင့်အခွင့်အရေးများ နစ်နာနေပါက

မြန်မာနိုင်ငံစားသုံးသူသမဂ္ဂ(MCU)သို့ အချက်အလက်ပြည့်စုံစွာတိုင်ကြားလာလျှင် ဖုန်းဘေလ်သုံးထောင်ကျပ်ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

 

"ကျွန်တော်တို့ဆီကိုတိုင်တဲ့သူတွေရှိပေမယ့်တိတိကျကျတိုင်တဲ့သူအားနည်းတယ်ပေါ့။ ဒီမှာကျွန်တော်တို့က သေသေချာချာတိတိကျကျလေးတိုင်ကြားတတ်တဲ့အလေ့အကျင့်ရအောင်လုပ်ပေးတာပါ။

 

တိုင်တဲ့အားကလည်းနည်းတယ်။ တရားမျှတမှုကိုရဖို့ဆိုရင် ကိုယ့်ရဲ့နစ်နာမှုတွေကို တိတိကျကျတိုင်ကြဖို့လိုပါတယ်။ စားသုံးသူတွေကို အားပေးသလိုပညာပေးတဲ့အနေအထားလဲဖြစ်ပါတယ်"ဟု စားသုံးသူသမဂ္ဂအတွင်းရေးမှူး ဦးမောင်မောင်ကဆိုသည်။

 

ယခုအစီအစဉ်ကို မြန်မာနိုင်ငံစားသုံးသူသမဂ္ဂမှ စီစဉ်ခြင်းဖြစ်ကာ တိုင်ကြားလိုသူများအနေဖြင့်အွန်လိုင်းမှတဆင့် လွယ်ကူစွာ MCU ၏ဝဘ်ဆိုဒ်တွင်ဖြစ်စေဖုန်းအက်ပလီကေးရှင်းတွင်ဖြစ်စေ တိကျစွာ တိုင်ကြားပေးကြရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။

 

စားသုံးသူများ၏အခွင့်အရေးဆုံးရှုံးမှုများကို တိကျစွာတိုင်ကြားလာမှသာထိရောက် သောဖြေရှင်းမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် အချက်အလက်ပြည့်စုံစွာတိုင်ကြားပေးရန် ယခုလို ဖုန်းဘေပြန်လည်ပေးအပ်သည့်အစီအစဉ်ကို စတင်ခြင်းဖြစ်သည်။

 

တိကျသောတိုင်ကြားမှုများအတွက် ဖုန်းဘေပြန်ပေးမည့်အချိန်ကာလမှာ ၂၀၁၉ခုနှစ်သြဂုတ်လကုန်အထိဖြစ်သည်။

 

Source: Popular New Journal

Read times
Rate this item
(1 Vote)