Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် USAID က ကန်ဒေါ်လာ သန်း ၂၀ ချေးမည်

စိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အတွက် ကန်ဒေါ်လာသန်း ၂၀ ခန့်ကို အမေရိကန်နိုင်ငံတကာ

ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)က ဧရာဝတီဘဏ်မှတစ်ဆင့် ချေး ငွေထုတ်ပေးရန် သဘောတူညီ ကြောင်း အမေရိကန်သံရုံးက ဇွန်လ ၁၅ ရက်တွင် သတင်းထုတ် ပြန်သည်။

 

အဆိုပါသဘောတူညီချက် ကို အမေရိကန် USAID နှင့် ဧရာ ဝတီဘဏ်ကြား ‘ကြွေးမြီအာမခံ သဘောတူညီချက်စာချုပ်’ ဟု အမေရိကန်သံရုံးက သတ်မှတ် ပြီး ယင်းသို့ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေကို ပုဂ္ဂလိကဘဏ်မှတစ်ဆင့် ပေးအပ်ခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။

 

ချေးငွေကို စိုက်ပျိုးရေး ကဏ္ဍတွင် အိမ်ထောင်စု ရှစ် သောင်းနှင့် အသေးစား စီးပွား ရေး လုပ်ငန်းများအတွက်အသေး စားငွေကြေး ဝန်ဆောင်မှု လုပ် ငန်းမှတစ်ဆင့် ထုတ်ချေးမည် ဟုဆိုထားသည်။

 

အမေရိကန်၏ နိုင်ငံရပ်ခြား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကော်ပို ရေးရှင်း (OPIC)က မြန်မာနိုင်ငံရှိ အသေးစား စီးပွားရေး လုပ်ငန်း ၃၀,၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁၀ သန်းထုတ်ချေးရန် ပြည်တွင်း ရှိ ရိုးမဘဏ်နှင့် ပြီးခဲ့သည့်လက သဘောတူလက်မှတ် ရေးထိုးခဲ့ သည်။

 

 အဆိုပါ ချေးငွေများကို ပြည်တွင်းရှိ ရိုးမဘဏ်နှင့် Dawn အသေးစားချေးငွေ လုပ်ငန်းမှ တစ်ဆင့် ပြန်လည်ချေးငွေထုတ် ပေးကြောင်း ရိုးမဘဏ်နှင့် Dawn က သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံရပ်ခြားပုဂ္ဂလိက ရင်း နှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (OPIC) သည် အမေရိကန် အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံ ပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် လုပ် ငန်းဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:12
Rate this item
(6 votes)