Food & Livestock
ထယ်ထိုးပြီး နုတ်သိမ်းနေရ၍ ဆောင်းမြေပဲများ အရှုံးပေါ်
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ယခုနှစ် ဆောင်းမြေပဲ စတင်စိုက်ပျိုးချိန်က
အချိန်အခါမဲ့ မိုးရွာသွန်းခဲ့မှုကြောင့် အပင်များ မြေကြပ်ပြီး ယခု မြေပဲသိမ်းချိန်တွင် အပင်ကို လက်ဖြင့် နုတ်သိမ်း၍ မရဘဲ ထယ်ထိုးပြီး နုတ်သိမ်းနေရသောကြောင့် အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်လျက်ရှိကြောင်း ဆောင်းမြေပဲစိုက်တောင်သူများထံမှ သိရပါတယ်။
တောင်သူများအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်ကလို မြေပဲမရကြကြောင်း၊ ယခင်နှစ်က မြေပဲတစ်တင်းချစိုက်ပျိုးသည့် လယ်မြေမှ မြေပဲတောင့် အနည်းဆုံး တင်း ၅၀ မှ မြေကောင်းလျှင် ၇၅ တင်း အထိ ထွက်ရှိကြောင်း၊ သာမန်အားဖြင့် မြေပဲဆန် တစ်တင်းလျှင် အနည်းဆုံး မြေပဲတောင့် ၂၅ တင်းထွက်လျှင် တောင်သူများ တွက်ခြေကိုက်ပြီး အရှုံးမရှိကြောင်း၊ ယခုနှစ်တွင် မြေပဲကို လက်ဖြင့် နုတ်သိမ်း၍ မရဘဲ ထယ်ထိုးပြီး နုတ်သိမ်းစုပုံလုပ်ငန်းများ၊ ဆောင်ရွက်ရခြင်းကြောင့် ထယ်ထိုးခြင်းအတွက် နေ့တွက်လုပ်ခပါ ထပ်ဆောင်းပေးရသလို မြေပဲအထွက်နှုန်းလည်း လျော့နည်းခဲ့မှုကြောင့် တောင်သူများ အရှုံးပေါ် ရခြင်း ဖြစ်ပါတယ်။
Source: Myanmar Alinn