Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထွက် လက်ဖက်စိုနှင့် လက်ဖက်ခြောက်ကို ဂျာမနီနိုင်ငံသို့တင်ပို့ရန်စီစဉ်

ပြည်တွင်းမှထွက်ရှိသည့်  လက်ဖက်စိုနှင့်  လက်ဖက်ခြောက်ကို  လာမည့်ဘဏ္ဍာနှစ်တွင် ဂျာမနီနိုင်ငံသို့ ၁ဝ တန်တင်ပို့နိုင်ရန် စီစဉ်နေကြောင်း  မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအသင်း(မန္တလေး) ဥက္ကဋ္ဌ ဒေါ်ညိုညိုစိန် ၏ပြောဆိုချက်အရ သိရသည်။

 

''ပြည်တွင်းက စားသောက်ကုန်တစ်မျိုးဖြစ်တဲ့  လက်ဖက်ကို ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်ပြီး   ဈေးကွက်တစ်ခုရအောင်  လက်ဖက်လုပ်ငန်းရှင်တွေ အားလုံး တိုင်ပင်ပြီး စီမံချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်။ အခုကတော့ မြန်မာနိုင်ငံရဲ့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက်ကို  ဂျာမနီနိုင်ငံမှာ ဈေးကွက်တစ်ခုရအောင် ဖြည်းဖြည်းချင်း တင်ပို့မယ်။ ဂျာမနီနိုင်ငံမှာ ဈေးကွက်တစ်ခု ရပြီဆိုတာနဲ့  တခြားပြည်ပ နိုင်ငံတွေကို ထပ်ပြီးတိုးချဲ့ တင်ပို့နိုင်ဖို့ ဆက်လက် လုပ်ဆောင်မှာပါ''ဟု ဒေါ်ညိုညိုစိန်ကပြောသည်။

 

ပြည်တွင်းထွက် စားသောက်ကုန်တစ်မျိုး ဖြစ်သည့် လက်ဖက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် အများဆုံး စိုက်ပျိုးထွက်ရှိပြီး   ယင်းလက်ဖက်စိုနှင့် လက်ဖက်ခြောက်များကို   မြန်မာနိုင်ငံ အနှံ့အပြားသို့   တင်ပို့ရောင်းချ လျက်ရှိရာ  ပြည်ပဈေးကွက်သို့   ထိုးဖောက်သည့် အနေဖြင့် လာမည့်ဘဏ္ဍာနှစ်အတွင်း  ဂျာမနီ နိုင်ငံသို့ ၁ဝ တန်တင်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။

 

Read More >>>>>  တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ

 

ထိုသို့တင်ပို့နိုင်ရေးအတွက်   နှစ်နိုင်ငံအချင်းချင်း ချိတ်ဆက်မှုများလည်း   ပြုလုပ်ထားပြီး    မြန်မာနိုင်ငံမှ   လက်ဖက်စိုနှင့် လက်ဖက်ခြောက်   တင်ပို့ရောင်းချရာတွင်  လက်ဖက်အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းများမှာ 1kg  လျှင် အမေရိကန်ဒေါ်လာ ၆   ဒေါ်လာမှ  ၁ဝ  ဒေါ်လာကြားတွင် ရှိကြောင်း၊ အလားတူ တခြားလက်ဖက် အရည်အသွေးပေါ် မူတည်၍ အရည်အသွေးကောင်းသည့် လက်ဖက်အမျိုးအစားဖြစ်ပါက 1kg လျှင် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာအထက်ရှိကြောင်း သိရသည်။

 

လက်ရှိ မြန်မာ့လက်ဖက်စိုနှင့် လက်ဖက်ခြောက်ကို အမေရိကန်နိုင်ငံသို့ ၂ဝ၁၅ ခုနှစ်မှစတင်   တင်ပို့ပြီး  ဈေးကွက်ထိုးဖောက်ခဲ့ရာ ၂ဝ၁၈ ခုနှစ်အထိ ၁၇ တန်မှ တန် ၂ဝ အထိ  တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

Source: Myawady

Read times Last modified on Friday, 02 August 2019 14:10
Rate this item
(0 votes)