Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီး ဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

Unicode

ငှက်ပျောသီး ဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ


မြန်မာနိုင်ငံ အလယ်ပိုင်း၌ ဖီးကြမ်းငှက်ပျောကို  စီးပွားဖြစ် စိုက်ပျိုးကြရာ လက်ရှိတွင် ငှက်ပျောသီး ဈေးကောင်းသည့်အတွက် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။


လက်ရှိတွင်  ငှက်ပျောအခိုင် ၄ဝ ပါ လှည်းတစ်စီးလျှင် ငွေကျပ် နှစ်သိန်းတစ်သောင်းနှုန်းဖြင့် ရောင်းချရပြီး ယမန်နှစ်ကထက် ဈေးကောင်းကာ ငှက်ပျောပွဲစားများမှာ ငှက်ပျောဖီး အသေး၊ အကြီးကိုကြည့်၍ စာချုပ်ချုပ်ဆိုကြသည်။

 

Rice Products (Mohinga)  မုန့်ဟင်းခါးရနိုငသောဆိုင်ပေါင်း ၁၈၅ ခုကိုရှာရန်နှိပ်ပါ။


ထိုသို့စာချုပ်ချုပ်ရာတွင် ငှက်ပျောလှည်း တစ်စီးလျှင် ငွေကျပ် ၁၈ဝဝဝဝမှ စတင်ကာ စာချုပ်ချုပ်ကြသည်။


ငှက်ပျောစိုက်ရာတွင် မြေတစ်ဧကလျှင် ငှက်ပျောပင် ၇ဝဝ ခန့် စိုက်ပျိုးပြီး တစ်ဧကလျှင် ငှက်ပျော ၁၅ စီး၊ ၁၆ စီး ထွက်သည့်အတွက် ငွေကျပ်သိန်း  ၃ဝ  ကျော်  ရရှိသည်။

 

Read More >>>>>  ခရမ်းချဉ်သီးဈေးကောင်း ရရှိသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ


ငှက်ပျောတစ်ခိုင်လျှင် ပုံမှန်ခြောက်ဖီးတန်း သတ်မှတ်ပြီး အဖီးပိုပါက ဖီးပိုစားရလေ့ ရှိကြောင်း၊ ငှက်ပျောတစ်သီးပြီးပါက ထိုအကွက်ထဲ ပင်ကြားတန်း နေရာပြောင်းကာ စွယ်စုံပြန်စိုက်လေ့ ရှိကြောင်း၊ ငှက်ပျောသည် အကြမ်းခံသည့် အပြင် ဈေးကွက်ဝင် သီးနှံဖြစ်သည့် အတွက် ဝင်ငွေတိုးသော သီးနှံတစ်ခုပင်ဖြစ်ကြောင်း တံတားဦးမြို့နယ် အင်းဝဒေသမှ ငှက်ပျော စိုက်ပျိုးသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။  

 

Source: Myawady

 

 

ငွက္ေပ်ာသီး ေစ်းေကာင္းသျဖင့္ စုိက္ပ်ဳိးသူမ်ား အဆင္ေျပ

 

ျမန္မာႏုိင္ငံ အလယ္ပုိင္း၌ ဖီးၾကမ္းငွက္ေပ်ာကုိ  စီးပြားျဖစ္ စုိက္ပ်ဳိးၾကရာ လက္ရွိတြင္ ငွက္ေပ်ာသီး ေစ်းေကာင္းသည့္အတြက္ ငွက္ေပ်ာစုိက္ ေတာင္သူမ်ား အဆင္ေျပလ်က္ ရွိေၾကာင္း သိရသည္။


လက္ရွိတြင္  ငွက္ေပ်ာအခုိင္ ၄ဝ ပါ လွည္းတစ္စီးလွ်င္ ေငြက်ပ္ ႏွစ္သိန္းတစ္ေသာင္းႏႈန္းျဖင့္ ေရာင္းခ်ရၿပီး ယမန္ႏွစ္ကထက္ ေစ်းေကာင္းကာ ငွက္ေပ်ာပြဲစားမ်ားမွာ ငွက္ေပ်ာဖီး အေသး၊ အႀကီးကုိၾကည့္၍ စာခ်ဳပ္ခ်ဳပ္ဆုိၾကသည္။

 

Rice Products (Mohinga)  မုန္႔ဟင္းခါးရႏို္ငေသာဆိုင္ေပါင္း ၁၈၅ ခုကိုရွာရန္ႏွိပ္ပါ။

 


ထုိသုိ႔စာခ်ဳပ္ခ်ဳပ္ရာတြင္ ငွက္ေပ်ာလွည္း တစ္စီးလွ်င္ ေငြက်ပ္ ၁၈ဝဝဝဝမွ စတင္ကာ စာခ်ဳပ္ခ်ဳပ္ၾကသည္။

 


ငွက္ေပ်ာစုိက္ရာတြင္ ေျမတစ္ဧကလွ်င္ ငွက္ေပ်ာပင္ ၇ဝဝ ခန္႔ စုိက္ပ်ဳိးၿပီး တစ္ဧကလွ်င္ ငွက္ေပ်ာ ၁၅ စီး၊ ၁၆ စီး ထြက္သည့္အတြက္ ေငြက်ပ္သိန္း  ၃ဝ  ေက်ာ္  ရရွိသည္။

 

Read More >>>>>  ခရမ္းခ်ဥ္သီးေစ်းေကာင္း ရရွိသျဖင့္ စိုက္ပ်ဳိးေတာင္သူမ်ား အဆင္ေျပ

 


ငွက္ေပ်ာတစ္ခုိင္လွ်င္ ပုံမွန္ေျခာက္ဖီးတန္း သတ္မွတ္ၿပီး အဖီးပုိပါက ဖီးပုိစားရေလ့ ရွိေၾကာင္း၊ ငွက္ေပ်ာတစ္သီးၿပီးပါက ထုိအကြက္ထဲ ပင္ၾကားတန္း ေနရာေျပာင္းကာ စြယ္စုံျပန္စုိက္ေလ့ ရွိေၾကာင္း၊ ငွက္ေပ်ာသည္ အၾကမ္းခံသည့္ အျပင္ ေစ်းကြက္ဝင္ သီးႏွံျဖစ္သည့္ အတြက္ ဝင္ေငြတုိးေသာ သီးႏွံတစ္ခုပင္ျဖစ္ေၾကာင္း တံတားဦးၿမိဳ႕နယ္ အင္းဝေဒသမွ ငွက္ေပ်ာ စုိက္ပ်ဳိးသူ တစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။  

 

 

Source: Myawady

Read times Last modified on Monday, 17 February 2020 17:20
Rate this item
(1 Vote)