Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်ကာလအတွင်း ဈေးမြင့်တက်နိုင်တဲ့ ကုလားပဲဖြူကြီး (V-2, V-7)

သင်္ကြန်ကာလအတွင်း ဈေးမြင့်တက်နိုင်တဲ့ ကုလားပဲဖြူကြီး (V-2, V-7) google.com

ယခုမတ်လကုန်မှစ၍ သင်္ကြန်ကာလအတွင်း မြန်မာ့ထွက်ကုန်ကုလားပဲဖြူကြီး ဈေးနှုန်းများ

မြင့်လက်လာနိုင်ကြောင်း မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါတယ်။

 

ကုလားပဲဖြူကြီးမှာ ယခုနှစ်တွင် ရာသီဥတုကြောင့် အထွက်နှုန်းနည်းသဖြင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ၀ယ်လိုအား များသည့်အတွက်ကြောင့် ယခုလှိုင်လှိုင်ပေါ်သည့်အချိန်တွင် ဈေးမြင့်နေပြီး မတ်လနောက်ဆုံးပတ်လောက်တွင် ကုလားပဲဖြူကြီး V-2 မှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းရှစ်ထောင် နှင့် V-7 မှာ ငွေကျပ် တစ်သိန်းသုံးသောင်းနှစ်ထောင် အထိ မြင့်တက်လာခဲ့ ကြောင်း သိရပါတယ်။

 

မတ်လအလယ်တုန်းကတော့ ဈေးအနည်းငယ်ပြန်ကျသွားပေမယ့် အခုလကုန်ပိုင်းကစပြီး သင်္ကြန်ပြီးတဲ့အချိန်အထိ ဈေးကျစရာအကြောင်း ယခုအချိန်ကာလတွင် ပြည်တွင်း ပဲလှောင်သမားများနှင့် ပြည်ပတင်ပို့သူတွေ ၀ယ်လက်စုံတဲ့ အချိန်ဖြစ်နေကြောင်း သိရပါတယ်။

 

ယခင်နှစ်တွေက ယခုလို ပဲလှိုင်လှိုင်ပေါ်ချိန်တွင် သုံးတင်ဝင်တစ်အိတ်လျှင် ငွေကျပ် ရှစ်သောင်း မှ ရှစ်သောင်းခွဲ ၀န်းကျင်သာရှိခဲ့သော်လည်း ယခုနှစ်တွင် ဈေးအလွန်ကောင်းနေသဖြင့် တောင်သူများနှင့် ကုန်သည်များပါ အားစိုက်လုပ်ကိုင်နေရသော ပဲအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

 

Source: မြန်မာ့အလင်း

Read times Last modified on Wednesday, 19 September 2018 13:44
Rate this item
(1 Vote)