Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီးသီး ဈေးကွက်ကောင်းခြင်းကြောင့် ဆီးသီးစိုက် တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီးအတွင်း၌   ဆီးသီးအထွက်နှုန်း လျော့ကျမှုများ ရှိခဲ့သော်လည်း  ဈေးကွက်ကောင်းမွန်မှုကြောင့် တွက်ခြေကိုက် အဆင်ပြေကြောင်း ဆီးသီးစိုက် တောင်သူများထံမှ သိရသည်။

ဆီးသီးအခြောက်တစ်တင်းလျှင်ငွေကျပ် ၃၂ဝဝ၊ အစိုတစ်တင်းလျှင် ငွေကျပ် ၂၆ဝဝ၊ ဆီးသီးအဆန် တစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝဝ ဝန်းကျင်ခန့်ဖြင့် အဝယ်ဒိုင်များက ဝယ်ယူနေပြီး ပြီးခဲ့သည့်နှစ်ကထက် ငွေကျပ် ၅ဝဝ ခန့် ဈေးပိုရကြောင်း၊ မကွေးမြို့ရှိ ပွဲရုံများသို့ မကွေး၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချမှုများရှိကြောင်း  ဈေးကွက်အတွင်းမှ သိရသည်။

 

''ပြီးခဲ့တဲ့နှစ်က   မိုးနည်းတော့ အထွက်တော့ သိပ်မကောင်းဘူး။ ရေတင်စိုက်ရတဲ့ နေရာမျိုးဆိုရင်တော့ အထွက်ပိုကောင်းမှာပေါ့။ ဈေးကတော့ဒီနှစ်အကောင်းဆုံးပဲ''ဟု ဆီးသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

 

ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ မေလကုန်အထိ ဆီးသီး ရောင်းဝယ်မှုလုပ်ငန်း တွင်ကျယ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့မှာ အရောင်းအဝယ် အသွက်ဆုံးလများ ဖြစ်ကြောင်း၊ ဆီးသီးအဆန်ကို တရုတ်ပြည်သို့ တင်ပို့ပြီး မကွေးဒေသ ကုန်သည်များအနေဖြင့် မန္တလေးမြို့သို့သာ တင်ပို့ရောင်းချကြကြောင်း အရောင်းအဝယ် လုပ်ငန်းသမားများထံမှ သိရသည်။      

 

Source: Myawaddy

Read times Last modified on Wednesday, 06 February 2019 13:54
Rate this item
(1 Vote)