Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်သမားများအတွက် အကျိုးစီးပွားမြှင့်တင်ခြင်းနှင့် ပြည်ပသို့ စပါးတင်ပို့ခွင့်ရရန်ဆောင်ရွက်

စီးပွား/ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် လယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက်

ဆန်စပါးကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

၂၀၁၅ ခုနှစ် စပါးပေါ်ချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှာ မနောသုခ စပါးတင်းတစ်ရာကို ကျပ် ၅၄၃,၀၀၀ ရှိခဲ့သော်လည်း ယခုနှစ်စပါးပေါ်ချိန်တွင်မူ မနောသုခ စပါးတင်းတစ်ရာလျှင် ကျပ် ၅၂၂,၀၀၀ သာ ရှိခဲ့ပါတယ်။

ထို့အပြင် မနောသုခ(နွေ)စပါးဈေးမှာလည်း ကျဆင်းလျက်ရှိရာ ၂၀၁၅ ခုနှစ် စပါးပေါ် ချိန်က မနောသုခ(နွေ) စပါးတင်းတစ်ရာကို ကျပ် ၅၀၆,၀၀၀ ရှိခဲ့ပြီး ယခုနှစ်စပါးပေါ်ချိန်မှာတော့ ကျပ် ၄၃၂,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့တွင်လည်း စပါးဈေးများ ကျဆင်းလျက်ရှိရာ မနော သုခ(မိုးဟောင်း)စပါး တင်းတစ်ရာကို ၂၀၁၅ ခုနှစ် က ကျပ် ၅၃၀,၀၀၀ ရှိခဲ့သော်လည်း ယခုနှစ် စပါးပေါ်ချိန်တွင် ကျပ် ၅၀၀,၀၀၀ သို့ ကျဆင်းလျက်ရှိကြောင်း  သိရှိရပါတယ်။

စပါးဈေးများ ကျဆင်းနေသလို ပြည်ပသို့ ဆန်တင်ပို့ရာမှာလည်း ယခင်နှစ်ကထက် တန်ချိန်နှစ်သိန်းနီးပါး လျော့နည်းတင်ပို့ခဲ့ရကြောင်းလည်း သိရှိရပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ ဒသမ ၂၃၃ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂၃၇၆၅၉ ဒသမ ၈၀၃ ရှိခဲ့ပြီး နှစ်ရပ် ပေါင်းတန်ချိန် ၇၆၇၇၅၃ ဒသမ ၀၃၆ ရှိခဲ့ကြောင်း သိရပါတယ်။

ယခုနှစ်မှာတော့ ဆန် တင်ပို့မှုမှာ တန်ချိန် ၄၁၆၁၄ ဒသမ ၁၃၀ သာ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁၄၃၄၈၄ ဒသမ ၉၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

နှစ်ရပ်ပေါင်းတင်ပို့မှုမှာ တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ပြီး တင်ပို့မှုနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ဒီနှစ်ကာလတူမှာ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုနှစ်ရပ် ပေါင်းမှာတန်ချိန် နှစ်သိန်းကျော် တင်ပို့မှု လျော့ နည်းခဲ့ကြောင်း သိရှိရပါတယ်။

ဆန်တင်ပို့မှုမှာ တန်ချိန် တစ်သိန်းကျော် လျော့နည်းခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာတော့ တန်ချိန် ကိုးသောင်းကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ဆန်တင်ပို့ရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသို့သာ အဓိကထား၍ တင်ပို့ခဲ့တာဖြစ်ပြီး ပြည်တွင်း ဆန်ထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံတစ်နိုင်ငံတည်းကိုသာ အဓိကထားပြီးတင်ပို့နေရတဲ့အကြောင်းက တရုတ်နိုင်ငံ ဟာ ဘယ်လိုဆန်အမျိုးအစားကိုမဆို၊ ဘယ်လို အရည်အသွေးမျိုးကိုမဆို ၀ယ်ယူနေခြင်းဖြစ်ကြောင်း သိရပါတယ်။

တခြားနိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက တင်ပို့နေတဲ့ အရည်အသွေးကောင်းတဲ့ ဆန်တွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ပြီး ၀ယ်ယူနေကြကြောင်းသိရပါတယ်။

ယှဉ်ပြိုင်ရာတွင်လည်း မိမိတို့နိုင်ငံရဲ့ ဆန်စပါး အရည်အသွေးဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရည်အသွေး နိမ့်ကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် မိမိတို့နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်ခြင်း၊ အထွက်နှုန်း နည်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်နဲ့ ၀န်ဆောင်ခ၊ အလုပ်သမားခ စတဲ့ စရိတ်တွေက မြင့်တက်နေတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ယှဉ်ပြိုင်ရောင်းချနိုင် ခြင်းမရှိခဲ့ကြောင်းလည်း သိရပါတယ်။

Source: Commerce

Read times Last modified on Thursday, 06 September 2018 16:17
Rate this item
(1 Vote)