Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မှော်ဘီမြို့မဈေးရှိ ဖော်မယ်လင်ပါအစားအသောက် ရောင်းသည့်ဆိုင်ရှစ်ဆိုင်နှင့် သက်တမ်းလွန်ဆေး ရောင်းချသည့်ဆေးဆိုင် ၁၀ ဆိုင် သတိပေးခံရ

မှော်ဘီမြို့မဈေးရှိ ဖော်မယ်လင်ပါအစားအသောက် ရောင်းသည့်ဆိုင်ရှစ်ဆိုင်နှင့် သက်တမ်းလွန်ဆေး ရောင်းချသည့်ဆေးဆိုင် ၁၀ ဆိုင် သတိပေးခံရ google.com

 မှော်ဘီမြို့မဈေးအတွင်း ဖော်မယ်လင်အသုံးပြုထားသော အစားအသောက်ရောင်းချသည့် ဈေးဆိုင်ရှစ်ဆိုင်နှင့်

သက်တမ်း လွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချနေသည့်ဆေးဆိုင် ၁၀ ဆိုင်ကို ခေါ်ယူသတိပေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာမျိုးဇာနည်စောက ပြောသည်။

 

 မှော်ဘီမြို့မဈေးအတွင်း ဇူလိုင် ၁၁ ရက်က ပဲပြား၊ မုန့်ဖတ်၊ငါးပိ၊ လက်ဖက်၊ ဆီ၊ ပဲသွေး၊ ငရုတ်၊ အလှကုန်နှင့် ဆေးဝါးများရောင်းချသည့်ဆိုင်များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ ပဲပြား၊ ပဲသွေး၊ မုန့် ဖတ်၊ ဆိုင် ၂၂ ဆိုင်အနက် ရှစ်ဆိုင်တွင် ဖော်မယ်လင်အသုံးပြုထားသော အစားအသောက်များရောင်းချနေကြောင်း တွေ့ရှိခဲ့သည်။

 

ဈေးအတွင်း ဖွင့်လှစ်ရောင်း ချနေသော ဆေးဆိုင် ၁၁ ဆိုင် အနက် တရားဝင် မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးဝါးရောင်းချနေ သည့် ဆေးဆိုင်ငါးဆိုင်၊ သက် တမ်းလွန်ဆေးဝါးနှင့် စပ်ဆေး ရောင်းချနေသော ဆေးဆိုင်များမှ ဆေးဝါးများကို သိမ်းဆည်းခဲ့ပြီး ဆိုင်လုပ်ငန်းရှင်များကို ချက်ချင်း ခေါ်ယူသတိပေးခဲ့သည်။

 

မှော်ဘီမြို့မဈေးသို့ လာ ရောက်စစ်ဆေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်း များ၊ အရည်အသွေးမပြည့်မီသော ဆေးဝါးနှင့် အလှကုန်များကို သိမ်းဆည်းမှုများ ပြုလုပ်ခြင်း၊ သတိပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး တစ်လအတွင်း ထပ်မံသွား ရောက် စစ်ဆေးရန် စီစဉ်ထား သည်ဟုဆိုသည်။

 

‘‘ဒီလို မလုပ်ရင် တရားဝင် ရောင်းချခွင့်ရသလိုဖြစ်နေမယ်။ ဆေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း ကိုယ့်ဆိုင်နာမည်ပျက်ပြီး လိုင်စင် ပိတ်ခံရမယ်။ ရာသက်ပန် လိုင် စင်ပိတ်ခံရတာတွေလည်း ကြုံနိုင်တယ်။ ဒါကြောင့် ဒီလိုဆေးမျိုး တွေကို ထပ်ပြီးမရောင်းချဖို့လို တယ်’’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလှ က ပြောသည်။

 

Source: 7 days new

Read 1319 times Last modified on Monday, 17 September 2018 15:11
Rate this item
(0 votes)