Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေပြည်တော်မှ စိန်တလုံးသရက်များ ပြည်ပအထိတင်ပို့ရောင်းချ

ယခုနှစ် သရက်သီးပေါ်ချိန်ကာလတွင် နေပြည်တော်တွင် စိန်တလုံး သရက်သီးများ အများအပြားထွက်ရှိကာ အရောင်းသွက်လျက်ရှိသလို

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များသို့လည်း နေပြည်တော်မှတစ်ဆင့် လက်ကားဖြန့် ဖြူးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

စိန်တလုံးသရက်သီးမှာ သရက်ခြံစိုက်ပျိုးသူအနေနဲ့ စိုက်ပုံစိုက်နည်း နှစ်မျိုးနှစ်စားရှိပါတယ်။ သရက်စေ့ကတစ်ဆင့် စိုက်ပျိုးရတဲ့ နည်းစနစ်နဲ့၊ သရက်ကိုင်းကတစ်ဆင့် ကိုင်းကိုပျိုးယူစိုက်ပျိုးခြင်းလို့ နှစ်မျိုးရှိတယ်။ သရက်စေ့ကတစ်ဆင့် စိုက်ပျိုးတဲ့အစေ့ပျိုးပင်က တစ်ပင်ကို ၇၀၀ လောက်ပဲရှိတယ်။

 

ခုနစ်နှစ်လောက်မှ အသီးစသီးတယ်၊ ကိုင်းကတစ်ဆင့်ပြန်ကူးတဲ့ ကိုင်းပျိုးပင်ကတော့ ပျိုးပြီးပြန်ရွှေ့စိုက်တဲ့ရက်ကနေ စိုက်သက် လေးနှစ်မှာ စသီးပါတယ်။ ကိုင်းပျိုးပင်တစ်ပင်ကို ၃၀၀၀ ကျပ် ခန့်ပေးဝယ်ရပါတယ်။ သရက်သီးအနေအထားကတော့ ကိုင်းပျိုးပဲဖြစ်ဖြစ်၊ သရက်စေ့ပျိုးပင်ပဲဖြစ်ဖြစ် စတင်သီးချိန်ကနေ အသီးအသက်တစ်လနေရင် ခူးဆွတ်လို့ရပါတယ်။ လှတဲ့အသီးတွေကို စပါယ်ရှယ်အနေနဲ့ရွေးပြီး ပလတ်စတစ်အိတ်စွပ်ပေးရပါတယ်ဟု ဇမ္ဗူသီရိမြို့နယ်ရှိ စိန်တလုံးသရက်ခြံပိုင်ရှင်မှ ပြောကြားခဲ့ပါတယ်။

 

ယခုလက်ရှိ စိန်တလုံးသရက်သီးဈေးကွက်မှာ နေပြည်တော်တွင် အနိမ့်ဆုံးငွေကျပ် တစ်ထောင်ဖိုးလျှင် ခြောက်လုံးမှ အသီး၏လှပမှု ကြီးထွားမှုအပေါ်မူတည်၍ ဈေးနှုန်းပိုများပါတယ်။

 

နေပြည်တော်မှ သရက်စိုက်ပျိုးသည့် ခြံများအနေဖြင့် အဓိကအားဖြင့် စိန်တလုံးသရက်တစ်မျိုးတည်းကိုသာ ရွေးချယ်စိုက်ပျိုးကြကာ ကျန်သရက်မျိုးများကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိကြကြောင်း တွေ့မြင်ရပါတယ်။

 

စိန်တလုံးသရက်သီးကို နေပြည်တော်၊ ပျဉ်းမနား၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ စသည့် မြို့နယ်များတွင် အများအပြား စိုက်ပျိုးနေကြပြီး နေပြည်တော်မှတစ်ဆင့် အခြားမြို့များဖြစ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မူဆယ်မြို့များသို့ တင်ပို့ ရောင်းချနေသည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 13:34
Rate this item
(1 Vote)