Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစာကုန်ကြမ်းဈေးကြီးမှုကြောင့် ငါးဈေးနှုန်းမြင့်တက်လာနိုင်

အစာကုန်ကြမ်းဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် တချို့ငါးမွေးကန်များအတွင်း အရွယ်မရောက်သေးသော

ငါးများဖော်၍ ရောင်းချနေသဖြင့် ငါးဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံငါး၊ ပုစွန် အစာထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌထံမှ သိရပါတယ်။

 

လက်ရှိ ဖွဲနုဈေးတစ်ပေါင်လျှင် ၉၀ ကျပ် မှ ၉၅ ကျပ်အထိရှိပြီး ဆန်ကွဲဈေးနှုန်းများလည်း အနည်းငယ် မြင့်တက် နေကာ ပြောင်းဆန် တစ်ပိဿာလျှင် ၆၅၀ ကျပ် အထိ ဈေးပေါက်ပြီး ငါးခေါင်းပွငါးခြောက်တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ခန့်အထိ ရှိကြောင်း သိရပါတယ်။

 

တိရစ္ဆာန်အစာကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ပြည်တွင်းမှ ငါးမွေးမြူရေးလုပ်ကိုင်နေသူများအနေဖြင့် သတ်မှတ်ထားသည့် ငါးအရွယ်အစားအထိ မရောက်မီ ကန်ဖော်၍ ဈေးကွက်တင်ရောင်းချခြင်းများ ရှိနေရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံတွင် တိရစ္ဆာန်အစာဈေးကွက် လိုအပ်ချက်ရှိနေသဖြင့် မြန်မာနိုင်ငံမှ ပြောင်း၊ ဖွဲနုနှင့် ငါးခြောက်များကို တရားမ၀င် ၀င်ရောက်ဝယ်ယူမှုများရှိနေ၍ ပြည်တွင်းလိုအပ်ချက်များပြားလာခြင်းမှာ အစာဈေးနှုန်းကြီးမြင့်လာရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:35
Rate this item
(1 Vote)