Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲ သခွားမွှေးဈေးနှုန်းများ ရာသီကုန်ချိန်အိ ဆက်လက်မြင့်တက်နိုင်

ယခုရက်ပိုင်းအတွင်း ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံဘက်မှ ၀ယ်လိုအားများပြီး ပြည်တွင်း၌

ထွက်ရှိမှုနည်းပါးလာသည့်အတွက် ဈေးနှုန်းများ မြင့်တက်လာရာ ယခုနှစ် ဖရဲ၊ သခွားမွှေးရာသီကုန်ချိန်အထိ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းအပြင် တရုတ်နိုင်ငံဘက်၌ ရာသီဥတု ပူပြင်းသည့်အတွက် ဖရဲ၊ သခွားမွှေးများ အ၀ယ်လိုက်လာခြင်းဖြစ်ကာ မူဆယ်သို့ ဖရဲကားအစီးရေ ၄၂၀ နှင့် သခွားမွှေးကားအစီးရေ ၃၄၀ ၀င်ရောက်ကြောင်း သိရပါတယ်။

 

ဈေးကွက်တွင် ယခုအချိန်က ဖရဲနဲ့သခွားမွှေးနှစ်မျိုးစလုံး ဈေးမြင့်နေတယ်။ တရုတ်နိုင်ငံမှာ ရာသီဥတု ပူနေတဲ့အတွက် ပိုပြီး အ၀ယ်များလာတယ်။ ၀ယ်လိုအားများလာတော့ အသီးက ရှားလာတယ်။ ဒီနေ့ရောက်တဲ့ ကားကလည်း နည်းသွားပြီး မိုးမရွာမချင်းတော့ ဈေးကောင်းနေဦးမှာပဲဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 17:55
Rate this item
(1 Vote)