Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းခွဲကျော် တင်ပို့

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေနှင့် ရှစ်လကျော်ကာလအတွင်း တန်ချိန် တစ်သန်းခွဲကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော် ရရှိထားခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၂ ဒသမ ၁ သန်းကျော် တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၆၆၉ သန်းကျော် ရရှိထားကာ ယခင်နှစ်တင်ပို့မှုထက် တန်ချိန် ၇ သိန်းကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

“မြန်မာနိုင်ငံက ဆန်တင်ပို့မှုရဲ့ ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ တရုတ်ကလည်း ခုနစ်ဆယ့်ငါးရာခိုင်နှုန်းလောက် လျော့သွားတဲ့အတွက် သိသိသာသာကျသွားတာပါ။ တရုတ်က အိန္ဒိယက ဆန်ကို အစိုးရချင်း ဝယ်ဖို့လည်း ကမ်းလှမ်းထားတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။

 

ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံက နှစ်လခန့် ဆန်ဝယ်ယူရန်ရပ်ဆိုင်းထားခြင်း၊ ပြည်ပသို့ စပါးအတိုင်း တရားမဝင် တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများမှ ဝယ်ယူမှုလျော့နည်း သွားသည့်အခြေအနေများကြောင့် ပြည်ပသို့ တန်ချိန် ၂ သန်းခွဲခန့်သာ တင်ပို့နိုင်မည်ဟု ဆန်ကုန်သည်များက ခန့်မှန်းထားကြသည်။

 

၂၀၁၄- ၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၇ သန်းနှင့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ် တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းခန့်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

Source: thevoice

Read times Last modified on Tuesday, 08 January 2019 13:34
Rate this item
(1 Vote)