Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဇီဝဇိုးငှက်သိုက်ပေါင်း ကုန်ချောထုတ်လုပ်ရန် နည်းပညာပိုင်း လိုအပ်

Unicode

 

ဇီဝဇိုးငှက်သိုက်ပေါင်း ကုန်ချောထုတ်လုပ်ရန် နည်းပညာပိုင်း လိုအပ်

မြိတ်ဒေသတွင် အိမ်တွင်းတစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသော ဇီဝဇိုးငှက်သိုက်ပေါင်းကို ကုန်ချောအဖြစ် ပြောင်းလဲပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်နေ ကြောင်း သဘာဝငှက်သိုက် ထုတ်လုပ်သူများထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းသာ အများဆုံးထွက်သော သဘာဝ ဇီဝဇိုးငှက်သိုက်မှာ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်ရှိ မြို့နယ် တို့မှာထွက်ရှိနေခြင်းဖြစ်ပြီး လက်ရှိတွင် သဘာဝအတိုင်း ထုတ်လုပ်နေတဲ့ ငှက်သိုက်ပေါင်းရည်ကို မြိတ် မြို့တွင် ယခုနှစ်အတွင်း ဒေသတွင်းစားသုံးသူများအတွက် ရည်ရွယ်ကာ အများဆုံး ထုတ်လုပ်ရောင်းချလာကြကြောင်း သိရပါတယ်။

 

Read More >>>>>  ချဉ်ငံစပ်ကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်နှင့် ပြောင်းဖူးသုပ်

 
အဆိုပါငှက်သိုက်ဘူးများကို ရေစိမ်၊ ပေါင်းခံ၊ လက်ဖြင့်အမွေးနုတ်သန့်စင်ပြီး ထုတ်လုပ်နေခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးလာပါက ထိုင်းနိုင်ငံနည်းတူ ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်နိုင်ပြီး တာရှည်ထားခံခြင်း၊ အရည်အသွေးကောင်းတဲ့ ငှက်သိုက်ဘူးများကို မြန်မာနိုင်ငံ အနှံ့အပြားနဲ့ တရုတ်နိုင်ငံ အထိတင်ပို့နိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ထားကြောင်း သိရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် တနင်္သာရီတိုင်းဒေသကြီး သစ်တောဌာနနှင့် စာချုပ်ချုပ်ထားသည့်အိမ်မှာ ၃၇၁ လုံးအထိသာရှိကြောင်း သစ်တောဦးစီးဌာနမှ သိရပါတယ်။

 

#MFID

 

 


 


 


 

Read More >>>>>  ချဉ်ငံစပ်ကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်နှင့် ပြောင်းဖူးသုပ်

 

 


 

#MFID

Read times Last modified on Wednesday, 29 January 2020 16:35
Rate this item
(0 votes)