Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေချိုငါးမြစ်ချင်းများ သားဖောက်ကာ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရန်ဆောင်ရွက်မည်

မင်းပြား-ပေါက်တော ကားလမ်းဘေး ချောင်းရှည်ရွာ ငါးသားဖောက်စခန်းတွင် သြဂုတ်လမှစတင်ကာ ငါးမြစ်ချင်းသားဖောက်

လုပ်ငန်းများကို မွေးမြူးရေးဧက ၁၀၀၀ အထိ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရန်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

 

Lyfe 

 

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေချိုငါး၊ ပုစွန်မွေးမြူမှုနည်းသော နေရာ၌ ဝယ်လိုအားရှိနေသော ငါးမြစ်ချင်းကို အနီးဆုံးဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ တင်ပို့နိုင်ရန် ရှေးပြေး Pilot Project အနေဖြင့် ငါးမွေးမြူရေးဇုန်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရေချိုမွေးမြူရေးဧက ၁၀၀၀ နှင့် ရေငန်မွေးမြူရေးဧက ၁၅၀၀ ရှိသည့်အနက် ရေချိုမွေးမြူရေးကို ကနဦး အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ ဒေသခံမွေးမြူရေးလုပ်သားများအနေဖြင့် ယင်းကို စိတ်ဝင်စားပါက တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ နည်းပညာနှင့် အရင်းအနှီးစိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မွေးမြူရေးကန်ဧက ၁၀၀၀ မှထွက်ရှိသော ငါးမြစ်ချင်းကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပြီး ရေချိုငါးဈေးကွက်ကြီးတစ်ခု ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ရေချို/ရေငန် အမှန်တကယ်မွေးမြူမှု အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ငါးမြစ်ချင်းကို ပြည်ပပို့ကုန်အတွက် ၂ နှစ် မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သားပေါက်မှ ငါးဖျန်းအရွယ်၊ ဒုတိယနှစ်တွင်ငါးဖျန်းမှ ရောင်းတန်းဝင်နှစ်ကီလိုကျော်အရွယ် မွေးမြူကြကြောင်းသိရသည်။

 

Source: MDN

Read times Last modified on Wednesday, 21 September 2022 11:29
Rate this item
(0 votes)