Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးမဖမ်းရ ရာသီတွင် ပင်လယ်မှ ငါးမရသော်လည်း မွေးမြူရေး ငါးတန်များမှ ငါးခြောက် ထုတ်လုပ်နိုင်

လက်ရှိရာသီသည်  ငါးမဖမ်းရ ရာသီဖြစ်သည့်အတွက် ပင်လယ်မှ ငါးခြောက်ကုန် ကြမ်းမရရှိသော်လည်း  မွေးမြူရေးငါးတန်များမှ 

ငါးခြောက်များ ထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးပိငါးခြောက်ငံပြာရည်  ထုတ်လုပ်ရောင်းဝယ် သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန် ထံမှ သိရပါတယ်။

 

''ငါးပိကတော့ ဒီအချိန်မှာ ထုတ်လုပ်မှု မရှိသလောက်ဖြစ်နေတယ်။  ငါးခြောက်ကတော့  အနည်းငယ် ထုတ်လုပ်တယ်။ 

 

ငါးခြောက်လုပ်တဲ့ ငါးကုန်ကြမ်းက ပင်လယ်ကရတာရှိသလို  မွေးမြူရေးက ရတာလည်းရှိ  ပါတယ်။ မွေးမြူရေးကနေ  အဓိက အသုံးပြုနေတဲ့  ငါးခြောက်ကုန်ကြမ်းကတော့ ငါးတန်ပါ။    ငါးတန်တစ်ပိဿာကို  ကန်ဖော်ဈေး ငွေကျပ် ၂ဝ၅ဝ ကနေ၂၁ဝဝ အထိရှိပါတယ်။ ကန်အရောက်သွားရင်  လိုချင်သလောက် ဖော်ပေးပါတယ်။ ငါးတန် ကုန်ကြမ်းကတော့ မရှားပါဘူး''ဟု ဦးထွန်းစိန်ကပြောကြားခဲ့ပါတယ်။

 

ပင်လယ်မှရသည့် ငါးခြောက်ကုန်ကြမ်း သည် ငါးမဖမ်းရရာသီအဖြစ် မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်အထိ သတ်မှတ်ထားသည့် အတွက် သြဂုတ် ၃ဝ ရက် ငါးဖမ်းပြီး ဝင်လာသည့် လှေများမှ   ပင်လယ်ငါး ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။    

 

ငါးမဖမ်းရရာသီ သုံးလအတွင်း ၂ဝ ရာခိုင်နှုန်း ငါးဖမ်းခွင့်ရထားသည့် အတွက် ယင်းငါးဖမ်းခွင့်ရသည့် လှေများမှလည်း ရွှေငါးပေါက်လေးများနှင့် ငါးတံခွန်ပေါက်လေးများသာ ရရှိသည့်အတွက် ငါးမဖမ်းရရာသီတွင်  ငါးခြောက် ထုတ်လုပ်ရန် မွေးမြူရေးငါးတန်ကိုသာ အားကိုး ထုတ်လုပ်နေရကြောင်း သိရပါတယ်။

 

မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီအဖြစ် သုံးလပိတ်ထားခြင်းသည် သဘာဝ သယံဇာတအတွက် အလွန်ထိရောက် ကြောင်း၊ ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ပါက ယခင်နှစ်များအတိုင်း   ငါးပိုမိုဖမ်းဆီးရမိရန် မျှော်လင့်ကြောင်း၊ လက်ရှိတွင် ငါးခြောက်ဈေး မြင့်တက်လျက်ရှိကာ  ငါးပိဈေးနှုန်းမှာ ပုံမှန်သာရှိပြီး မျှင်ငါးပိမှာ အရောင်းအဝယ်အေးလျက် ရှိကြောင်း  သိရပါတယ်။

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:25
Rate this item
(1 Vote)