Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ စျေးကောင်းရရှိ

မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ အဝယ်လိုက်လာခြင်းကြောင့် စျေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ

အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍ သိရသည်။

 

ယခင်က မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ အရောင်အဝယ် အေးလျက်ရှိကြောင်း ယခုအခါ မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာခြင်းကြောင့် စျေးကောင်းရရှိလာကြောင်း သိရသည်။

 

“တရုတ်အာလူးက နိုဝင်ဘာလ ပထမပတ်ထဲမှာ အရောင်းအဝယ် အေးနေခဲ့ပြီး ပြည်တွင်းကထွက်တဲ့ အာလူးလောက်စျေးကောင်းမရခဲ့ဘူး။ အခုလတ်တလောမှာတော့ မန္တလေးစျေးကွက်ထဲမှာ တရုတ်အာလူးတွေ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကလဲ ကောင်းမွန်နေတာကြောင့် စျေးကောင်းပြန်ရနေပါတယ်” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြသည်။

 

မန္တလေးစျေးကွက်အတွင်း နိုဝင်ဘာလ ပထမပတ်အတွင်းက တရုတ်အာလူးစျေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ခန့်သာရှိခဲ့သော်လည်း ယနေ့တွင် တရုတ်အာလူးတစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀ ခန့်ထိ ပေါက်စျေးရှိကြောင်း သိရသည်။

 

“အခုလတ်တလောကတော့ တရုတ်နိုင်ငံကနေ ပြည်တွင်းကို အာလူးတင်ပို့မှုက တော်တော်လေးအားကောင်းလာ တယ်။ တရုတ်အာလူးအသစ်တွေကလဲ အခု မန္တလေးစျေးကွက်ထဲ ဆက်တိုက်ဝင်နေပြီး အရောင်းအဝယ်ကောင်းတဲ့အပြင် စျေးကောင်းလဲရနေပါတယ်။” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍ သိရသည်။

 

Source: YDNP

Myanmar Industry Guide

Read times Last modified on Tuesday, 22 November 2022 15:14
Rate this item
(0 votes)