Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နဂါးမောက်သီးများ စမ်းသပ်တင်ပို့

သရက်သီးများ၊ နဂါးမောက်သီးများ တင်ဆောင်သည့် ကားတစ်စီး မူဆယ် ၁၀၅ မိုင်၊

ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး သစ်သီးပွဲရုံသို့ ရောက်ရှိခဲ့ပါတယ်။

အဆိုပါ နဂါးမောက်သီးများကို တရုတ်ဘက်မှ ဈေးကွက်စမ်းသပ်ရန်မှာယူပြီး ပထမအကြိမ်အဖြစ် နဂါးမောက်သီး ဖာ ၅၀၀ ကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းတောဒေသထွက်ကုန် ထွန်းတောက်စိုက်ပျိုးရေးခြံပိုင်ရှင်မှ တင်ပို့ပေးကြောင်း သိရှိရပါတယ်။

နဂါးမောက်သီး တစ်ဖာလျှင် စက္ကူဖာများဖြင့် အရွယ်တူအသီး ၂၄ လုံးကို ၈ ကီလိုရှိပြီး အုန်းချောဒေသမှ မူဆယ် ၁၀၅ မိုင်အထိ တစ်ဖာလျှင် ကားခ တစ်ထောင်ကျပ်ပေးရကြောင်း သိရပါတယ်။ သစ်သီးပွဲရုံတွင် ကား တင်/ချ အလုပ်သမားအတွက် တစ်ဖာလျှင် နှစ်ဆယ်ကျပ် ကုန်သည်ဘက်မှ ပေးရကြောင်း သိရပါတယ်။

တရုတ်ဘက်မှ ပုံမှန်ဝယ်ယူပြီး ဈေးကွက်များရှိလာမည်ဆိုလျှင် နဂါးမောက်ခြံပိုင်ရှင်မှ အဆင်သင့်ရှိကြောင်း သစ်သီးပွဲရုံမှ သိရပါတယ်။

Source: Commerce

Read times Last modified on Tuesday, 25 September 2018 09:06
Rate this item
(1 Vote)