Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း (၁၀)

အခန်း (၁၀)
အခွင့်အာဏာအပ်နှင်းခြင်း

 

၃၆။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အမျိုးသား အစားအသောက်ဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီများသည် ဤအမိန့်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းရှိမရှိ ကြီးကြပ်ကွပ်ကဲစိစစ်ရန်၊ လျော်ညီမှုရှိမရှိ ဆုံးဖြတ်ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်သူ၏ ထင်မြင်ချက်ပေးရန် စသည့်ကိစ္စရပ်များဆောင်ရွက်ရမည်။ ယင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် သဘောကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ခြွင်းချက်ပေးမှုများအတွက် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

သို့သော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အမျိုးသားအစားအသောက် ဥပဒေ အရ ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့အစည်းများသည် အစားအသောက်များ ဈေးကွက် မတင်မီ အမှတ်တံဆိပ်နှင့် အညွှန်းစာကို စစ်ဆေးအတည်ပြုပေးရန် တာဝန်မရှိစေရ။

 

၃၇။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမှတ်တံဆိပ်နှင့် အညွှန်းစာတွင်ဖော်ပြရမည့် အောက်ပါအချက်များအပြင် အလားတူကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ခ) အရ ထုတ်ပြန်ဆောင်ရွက်ရမည်။

(က) အာဟာရဆိုင်ရာဖော်ပြချက်များ၊

 

(ခ) အာဟာရဆိုင်ရာအညွှန်းစာများ၊

 

(ဂ) ကျန်းမာရေးဆိုင်ရာအညွှန်းစာများ၊

 

(ဃ) ကျန်းမာရေးဆိုင်ရာသတိပေးချက်များ၊

 

(င) ထုပ်ပိုးပစ္စည်းဆိုင်ရာဖော်ပြချက်များ၊

 

(စ) မျိုးဗီဇ/ဇီဝနည်းပညာဆိုင်ရာဖော်ပြချက်များ၊

 

(ဆ) အထူးပြုဖော်ပြချက်များ၊ (“သဘာဝ”၊ “အော်ဂဲနစ်” - စသည်)

 

(ဇ) အစားအသောက်အမျိုးအမည်သတ်မှတ်ချက်များ။

 

၃၈။ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် စိစစ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်းအရ အမှတ်တံဆိပ်တင်ပြခြင်းကို ဆောင်ရွက်စေသည့်အခါ မည်သူမျှ ပျက်ကွက်ခြင်းမရှိစေရ။

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Tuesday, 13 September 2022 15:11
Rate this item
(0 votes)