Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Nestle ကုမ္ပဏီက မြန်မာတွင် ကန်ဒေါ်လာ ၂၅ သန်း မြှုပ်နှံထား၊ လုပ်ငန်းများ နှစ်ဆတိုးချဲ့ရန် စီစဉ်

Nestle ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး လုပ် ငန်းများ နှစ်ဆတိုးချဲ့နိုင်ရန် စီစဉ် နေကြောင်း

Nestle Myanmar  မန်နေဂျင်းဒါရိုက်တာ Mr. Hayri Devrim Cobek က ပြောသည်။

 

Nestle ကုမ္ပဏီက ရန်ကုန်  မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် Nestle စားသောက်ကုန်များ ထုပ်ပိုးသည့် စက်ရုံကို ပြီးခဲ့သည့် ဖေဖော်ဝါရီက ဖွင့်လှစ်ထားပြီး လက်ရှိ၌ ပြည်တွင်းတွင် စားသောက်ကုန် ခြောက်မျိုး ဖြန့်ဖြူးရောင်းချနေသည်။

 

‘‘မြန်မာနိုင်ငံမှာ စတင်ဝင် ရောက်အလုပ်လုပ်တဲ့ ၂၀၁၆ မေ လမှာတုန်းက ဝန်ထမ်း ၄၀ ပဲရှိ တယ်။ အခုဆိုရင် ဝန်ထမ်း ၂၄၀ ကျော်ရှိပြီ။ အခု ဖြန့်ချိရေးပိုင်း တွေမှာ နှစ်ဆတိုးချဲ့သွားဖို့ အစီ အစဉ်ရှိပါတယ်။ အဲဒီမှာလည်း အများကြီး ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်သွားမှာပါ။ ဝန်ထမ်းတွေ အရည်အသွေးတိုးတက်ဖို့ ဆောင် ရွက်ပေးမယ့် ကိစ္စတွေရှိတယ်’’  ဟု  Mr. Hayri Devrim Cobek က ဆိုသည်။

 

မြန်မာနိုင်ငံတွင် တည် ထောင်ထားသည့် စက်ရုံအတွက် လိုအပ်သည့် စက်ပစ္စည်းအချို့ကို ထိုင်းနိုင်ငံမှ တင်သွင်းထားပြီး မြန်မာနိုင်ငံရှိ စက်ရုံ အဆင့်အ တန်းသည် နိုင်ငံတကာ Nestle စက်ရုံများနှင့် တန်းတူဖြစ်ကြောင်း ၎င်းကပြောသည်။

 

လက်ရှိအချိန်တွင် မြန်မာ စားသုံးသူများအတွက် သီးသန့် ရည်ရွယ်ထုတ်လုပ်သည့် Bear Brand ကို မြန်မာနိုင်ငံ၌ မိတ် ဆက်ထားကြောင်း ၎င်းကပြော သည်။ ယင်း Bear Brang ကို သံ ဓာတ်အားနည်းနေသည့် မြန်မာ ပြည်သူများအတွက် သီးသန့်ဖော် မြူလာဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အသက်အရွယ်မရွေး သောက်သုံးနိုင်ကြောင်း Mr. Hayri Devrim Cobek က ဆို သည်။ Nestle သည် ဆွစ်ဇာလန် နိုင်ငံ အခြေစိုက် စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၁၉၁ နိုင်ငံတွင် ဝန်ထမ်း သုံးသိန်း နှစ်သောင်းကျော်ဖြင့် ဖွဲ့စည်း ထားသည်။ Nestle အမှတ်တံဆိပ် စားသောက်ကုန်အမျိုးအစား နှစ်ထောင်ကျော် ထုတ်လုပ်ပြီး ကုမ္ပဏီသက်တမ်းသည် နှစ် ၁၅၀ ကျော်ပြီဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:15
Rate this item
(2 votes)