Food & Livestock
မေလဆန်းပိုင်း ဆန်ချောဈေးတက်သော်လည်း ဆန်ကြမ်းဈေးအကျဘက်ဦးတည်
နွေစပါးပေါ်ချိန်ဖြစ်သော်လည်း မေလဆန်းပိုင်း ဆန်အချောဈေးအနည်းငယ်တက်နေကြောင်း မြန်မာနိုင်ငံ
ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။
ဆန်ချောတွေက ဈေးတွေတက်လာပြီး ဆန်ကြမ်းဈေးနဲ့ ဆန်ချောဈေးက တစ်ထောင်ကျပ်စီ အတက်အကျဖြစ်နေကြောင်း သိရပါတယ်။
ဆန်ချောက တစ်အိတ်ကို တစ်ထောင်တက်နေရင် ဆန်ကြမ်းက တစ်ထောင်ကျနေကြောင်း သိရပါတယ်။
ဆန်ကြမ်းတွေဈေးကျတာက နွေစပါးပေါ်ချိန်ဖြစ်နေတဲ့အတွက်ကြောင့် သိရပါတယ်။
စပါးစက်တွေအနေနဲ့ကလည်း အခုပေါ်နေတဲ့ ဆန်အကြမ်းတွေကိုပဲ ကြိတ်ကြပြီး ဆန်အချောက တစ်နှစ်မှ တစ်ကြိမ်ပဲစိုက်တော့ အခုအချိန်မှာ ဆန်အချောတွေက ဈေးအနည်းငယ်တက်တာပါလို့ ဆန်စပါးအသင်းမှ သိရပါတယ်။
ဆန်အချောဈေးအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် သုံးသောင်းခြောက်ထောင်ကျပ်မှ သုံးသောင်းခုနစ်ထောင့်ငါးရာ ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် နှစ်သောင်းကိုးထောင်ကျပ်မှ သုံးသောင်းအထိ ရှိပြီး ဆန်ကြမ်းဈေးအနေဖြင့်လည်း မြီးတုံး(အသစ်) တစ်အိတ်လျှင် နှစ်သောင်းကျပ်မှ နှစ်သောင်းနှစ်ထောင်အထိ ရှိကြောင်း ဆန်ကုန်သည်များအသင်းမှ သိရပါတယ်။
နွေစပါးပေါ်ချိန်ဖြစ်တဲ့အတွက်ကြောင့် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့အတွင်းသို့ တစ်ရက်လျှင် ဆန်အိတ်ပေါင်း ငါးသောင်းကျော်ဝင်ရောက်လျှက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ဆန်အချောများကို အနယ်နယ်အရပ်ရပ်သို့ အနည်းငယ်သာ ရောင်းချပေးလျှက်ရှိပြီး ဆန်အကြမ်းများကို ဦးစားပေး ရောင်းချနေကြောင်း သိရပါတယ်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် ယခင်နှစ်က ဆန်တန်ချိန် ၁.၅ သန်းတင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်အေးလျှက်ရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံအနေဖြင့် ဆန်ကြမ်းဝယ်ယူမှုနည်းနေသော်လည်း မြန်မာနိုင်ငံမှ တန်ချိန် ၉ သိန်းမှ ၁ သန်း တင်ပို့ရန် လျာထားကြောင်း သိရပါတယ်။
အာဖရိကသို့ တန်ချိန် ၄ သိန်းမှ ၆ သိန်းအထိ တင်ပို့ရန် လျာထားလျှက်ရှိကြောင်းလည်း သိရပါတယ်။
Source: ပြည်မြန်မာ