Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တန်ဖိုးသင့်နေ့လည်စာ လှူချင်တဲ့ အလှူရှင်တွေအတွက် လှူဒါန်းနိုင်မယ့်နေရာများ

ဆေးရုံတွေမှာ တန်ဖိုးသင့်နေ့လည်စာ လှူချင်တာ ဘယ်ကိုဆက်သွယ်ရမယ်မှန်းမသိဘူးလို့ ပြောကြ မေးကြလို့ဆက်သွယ်ရမယ့်လူနဲ့ဖုန်းနံပါတ်လေးတွေမျှဝေ တာပါ။

လှူဖို့အတွက်နဲ့သိလိုတာတွေမှန်သမျှ စုံစမ်းမေးမြန်း လိုတယ်ဆိုပေးထားတဲ့ သက်ဆိုင်ရာ ဖုန်းနံပါတ်တွေသာ ဆက်သွယ်မေးမြန်းကြပါ။


ကျမကိုယ်တိုင်ကလဲ အလှူရှင်တစ်ဦးပါပဲ။ တာဝန်ခံစီစဉ်ပေးသူမဟုတ်တဲ့အတွက် မေးခွန်းတွေ အကုန်မဖြေနိုင်တာပါ။ သိသမျှကိုတော့ ရေးထားပြီးပါပြီ။


တာဝန်ခံစီစဉ်ပေးသူတွေချက်လာပေးတဲ့ ထမင်းဟင်း ပူပူနွေးနွေးတွေကို အဆင်သင့်ခပ်ပြီးလှူရတာ အင်မတန်ကြည်နူးရပါတယ်။ ဈေးနှုန်းအနေနဲ့ အလွန်သင့်တင့်လို့ ဟင်းတွေမကောင်းဘူးမထင်ပါနဲ့။ အချိုမှုန့်မသုံးပဲ ဆီအသန့်နဲ့ချက်တဲ့ အမြင်လဲလှ အနံ့ရတာနဲ့တင်အရမ်းကိုစားချင်စရာကောင်းပြီး အရသာလဲပြည့်စုံပါတယ်။


ရန်ကုန်ဆေးရုံကြီးနဲ့ကုတင် ၅၀၀ အထူးကုဆေးရုံမှာ


တန်ဖိုးသင့်နေ့လည်စာ လှူချင်တယ်ဆို လူတစ်ယောက်ကို ၁၀၀၀ကျပ်နှုန်းနဲ့ ကိုယ်ကြိုက်သလောက် လူအရေအတွက် (၁၅၀ သို့ ၂၀၀ သို့ ၃၀၀ သို့ ၄၀၀ သို့ ၅၀၀) စသဖြင့် လှူလို့ရပါတယ်။ အောက်တွင် ဆက်သွယ်ရမယ့် လူနာမည်နဲ့ဖုန်းနံပါတ် ပါပါတယ်။


ကလေးဆေးရုံတိုးချဲ့ဆောင်သစ် သွေးနှင့်ကင်ဆာဌာနမှာ


လှူမယ်ဆို


မနက်စာ ၆၀၀၀၀ ကျပ်


နေ့လည်စာ ၁၂၀၀၀၀ ကျပ်


ညနေစာ ၁၂၀၀၀၀ကျပ် စီကျသင့်ပါတယ်။


Food for Children မနွယ်နီခိုင်ဆီ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။


မြောက်ဥက္ကလာဆေးရုံ ဖျားနာဆောင် ၁ ၂ ၃၊ သွေးရောဂါ ၊ ခွဲစိတ်၊ သားဖွား၊ အရိုးအကြောပြန်လည်သန်စွမ်းရေးဆောင်၊ ၊နှလုံးအထူးကုဆောင်၊ မွေးကင်းစဆောင်၊ အသည်းအထူးကုဆောင်၊ နှလုံးခွဲစိတ်ဆောင်၊ အရေပြားအထူးကုဆောင်၊ ကလေးကုသဆောင်၊ ဦးနှောက်အာရုံကြော နှင့် ရင်ခေါင်းအထူးကုဆောင်တို့မှာ လှူဒါန်းချင်တယ်ဆိုရင်လဲလူနာ ၁ယောက်စာ ၁ထောင်ကျပ် နှူန်းနှင့်


ဒေါက်တာ သီတာနွယ် ဖုန်း ၀၉ ၅၁၂၇၀၅၆


ဒေါက်တာသူဇာဝင်း ဖုန်း ၀၉ ၅၁၇၄၄၆၅


ဒေါက်တာစိုးဝေဖြိုး ဖုန်း၀၉ ၉၆၀၁၉၇၃၆၉


တို့ထံဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

 

Source :  My Little Shoutbox

Read times Last modified on Thursday, 06 June 2019 15:19
Rate this item
(1 Vote)