Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Ginger

ရှမ်းချင်းအရောင်းအဝယ်ပုံမှန်

အောင်ပန်းဈေးကွက်တွင် ရှမ်းချင်းကတော့ ပုံမှန်အရောင်းအ၀ယ်ဖြစ်နေခဲ့ပါတယ်။ အလှူပွဲများရှိလာပြီး ချင်း ၀ယ်ယူမှုများနေတာကြောင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရပါတယ်။

နောက်ပိုင်းတွင် ချင်းသစ်များပေါ်တော့မှာဖြစ်တဲ့အတွက် ချင်းလက်ကျန်များ အရောင်းအ၀ယ်အေးမှာ စိုးရိမ်ကြောင်း ပွဲရုံများနှင့် ခြံပိုင်ရှင်များထံမှ သိရပါတယ်။

ပြည်ပမှ ချင်းကို ၀ယ်ယူမှု မရှိသေးဘဲ မေးမြန်းမှုများသာရှိနေပြီး ပြည်တွင်းမှ ချင်းကို အ၀ယ်လိုက်နေကြောင်း သိရပါတယ်။

အောင်ပန်းဈေးကွက်တွင် ချင်းအစိုတစ်ပိဿာလျှင် ကျပ် နှစ်ရာ့ငါးမှ သုံးရာ့ငါးဆယ် ရောင်းဈေးရှိပြီး ချင်းအခြောက်တစ်ပိဿာလျှင် ကျပ် တစ်ထောင့်ခြောက်ရာ မှ တစ်ထောင့်ရှစ်ရာအထိ ဈေးနှုန်းအစားစားရှိကြောင်း သိရပါတယ်။

Source: Commerce

Read times Last modified on Tuesday, 25 September 2018 09:06
Rate this item
(1 Vote)