Food & Livestock
Nandar's Kitchen ၏ ၃ နှစ်ပြည့် အမှတ်တရ Giveaway အစီအစဉ်
၂၀၁၇ ခုနှစ်က စလို့ ဒီနေ့အထိ ဟင်းချက်နည်းတွေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးနေတဲ့
Nandar's Kitchenက အခုဆို ၃ နှစ်ပြည့်သွားခဲ့ပါပြီ။ ဒါ့ကြောင့်မို့ ၃ နှစ်ပြည့်အထူးအစီအစဥ်အနေနဲ့ အားလုံး သိကြတဲ့အတိုင်း စားသောက်ကုန်ပစ္စည်း အရေအတွက် ၃၀ ကျော်ပါတဲ့ Care Box အခုပေါင်း ၁၀၀ ကို မိသားစုပေါင်း ၁၀၀ အတွက် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Giveaway Care Box ၁ ခုစီတိုင်းမှာ
Alpine Dairy နွားနို့ ၁ ဘူး ၊ Alpine Dairy Creamer နို့ဆီ ၁ ဘူး နှင့် နို့စိမ်း ၁ ဘူး
Chuanweiwang - ချွမ်းဝေဝမ် ရဲ့ မာလာရှမ်းကောအနှစ် (100g) ၁ ထုတ် နှင့် ငါးမာလာအနှစ် (165g) ၁ ထုတ်
Healthy Chef Oil Myanmar ပဲပိစပ်ဆီ (1L) ၁ ဘူး နှင့် Mask ၃ ခု
Ofood Myanmar ရဲ့ Jongga ကိုရီးယား မုန်ညှင်းဖြူကင်မ်ချီ (40g) ၁ ထုတ် နှင့် Chung Jung ONE အသင့်စားရေညှိထုတ် (4.5g) ၃ ထုတ်
Knorr Myanmar မှ ကြက်သားမှုန့် (400g) ၁ ထုတ်၊ ဆန်ပြုတ် (25g) ၇ ထုတ် နှင့် ချဥ်ပြုံးပြုံး မန်းကျည်းသီးအမှုန့် (20g) ၃ ထုတ်
MAGGI Myanmar မှ ပဲငံပြာရည် (200ml) ၁ ဘူး နှင့် ခရုဆီ (210g) ၁ ဘူး
OBO Foods မှ မုန့်ဟင်းခါးဟင်းရည်အနှစ်ဘူး (400g) ၁ ဘူး
Sweety Curry Powder & Spices မှ ဟင်းမွှေးမဆလာ (120g) ၁ ဘူး၊ ဟင်းမွှေးမဆလာ (12g) ၅ ထုတ်၊ သရက်သီးသနပ် ၁ ဘူး၊ ငြုပ်အလှော်မှုန့် (100g) ၁ ထုတ်၊ ငြုပ်အစီမ်းမှုန့် (80g) ၁ ထုတ်
The Sun Bird's Nest မှ Rock Sugar ငှက်သိုက် (75ml) ၁ ဘူး
Theingi Rice - သိင်္ဂီရွှေဘိုပေါ်ဆန်းမွှေး မှ ရွှေဘိုပေါ်ဆန်းမွှေး (2kg) ၁ အိတ်
Three Stars မှ Organic ဂျင်းမှုန့် (100g) ၁ ထုတ်
Yadanar's Homemade မှ ထားဝယ်ပုစွန်ငါးပိထောင်း (110g) ၁ ဘူး
Yopokki Myanmar မှ Sweet and Spicy အသင့်စားတော့ပူကီ (140g) ၁ ထုတ် တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။
Nandar's Kitchen ၃ နှစ်ပြည့် အထူးအစီအစဥ် အဖြစ် Covid ကာလအတွင်း ကံထူးရှင်မိသားစု ၁၀၀ စာအတွက် အထက်ပါ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် အထက်ဖော်ပြပါ စားသောက်ကုန် အမှတ်တံဆိပ်များ နှင့် Nandar's Kitchen မှ မနန္ဒာတို့မှ ပူးပေါင်းစီစဥ်ပေးထားခြင်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကိုလည်း Nandar's Kitchen 3 Years Anniversary Special Live (Link: https://www.facebook.com/watch/?v=719314575354199) တွင် ကြေငြာပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီ Giveaway အစီအစဥ်မှာ ပါဝင်ကံစမ်းလိုသူများ အနေဖြင့် −
(၁) Nandar's Kitchen ကို "ဘယ်လိုစသိခဲ့သလဲ" ဆိုတာနဲ့ "အခုအချိန်ထိ ဘာ့ကြောင့် အားပေးဖြစ်နေသလဲ" ဆိုတာလေးတွေကို အကြောင်းအရာ Caption အနေနဲ့ အမှတ်တရ ရေးပြီး ပိုစ့်ကို မိမိ Facebook Timeline ပေါ်တွင် Public ဖြင့် Share လုပ်ပါ။
>>> https://www.facebook.com/nandarskitchen/posts/638488923522538 <<<
(၂) အဲ့ဒီ Share လုပ်ထားတာလေးကို Screenshot ရိုက်ပြီး Post အောက်မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး Comment ဝင်ပေးလိုက်တာနဲ့ ပါဝင်ကံစမ်းနိုင်ပါပြီ။
ပါဝင်ကံစမ်းထားသူများထဲမှ မိသားစု (၁၀၀) မှ ကံထူးရှင် အယောက် (၁၀၀) ကို မဲနှိုက်ရွေးချယ်ပြီး ကံထူးရှင်စာရင်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပိုစ့်အောက်မှာ လာရောက် ကြေညာပေးသွာမှာပါ။ ဒီအစီအစဥ်ဟာ မတူညီတဲ့ မိသားစု ၁၀၀ ကို စားသောက်ကုန်ပစ္စည်းထောက်ပံ့မယ့် အစီအစဥ်တစ်ခု ဖြစ်တဲ့အတွက် အထူးမှတ်ချက် တစ်ခုအနေဖြင့် တစ်အိမ်တည်းနေ မိသားစု ၁ စုထဲမှ ကံထူးရှင် ၁ ဦးထက် ပိုရှိခဲ့သည်ရှိသော် Care Box ၁ ခုသာ ပေးအပ်သွားမည် ဖြစ်ပြီး...အခြား မိသားစုတစ်ခုမှ ကံထူးရှင် ၁ ဦးကို ထပ်မံ မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
ကံထူးရှင်များ အားလုံးထံသို့ အထက်ဖော်ပြပါ Giveaway ပစ္စည်းများပါဝင်တဲ့ Care Box များ အားလုံးကို ရန်ကုန်မြို့မှဆိုလျှင် အိမ်အရောက် Delivery Free၊ နယ်မြို့များဆိုလျှင် သက်ဆိုင်ရာ နယ်မြို့များရှိ ကားဂိတ်အရောက် တန်ဆာခ ကျခံပြီး Nandar's Kitchen မှ တာဝန်ယူ ပို့ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
၃ နှစ်ပြည့် အမှတ်တရ Care Box Giveaway အစီအစဥ်လေးမှာ စတင်ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းလိုက်ပါတယ်။
By Myanmar Food Guide



