Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ကုလားပဲတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့ထားသော်လည်း ဈေးနှုန်းရရှိမှု လျော့နည်း

ယခုနှစ် ပထမခြောက်လအတွင်း ပြည်ပသို့ ကုလားပဲတန်ချိန် တစ်သောင်းကျော် ပိုမို တင်ပို့ထားသော်လည်း ဈေးနှုန်းကျဆင်း၍ ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ

ငါးသန်းခန့် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

ယခုနှစ်တွင် ပြည်ပသို့ ကုလားပဲတန်ချိန် လေးသောင်းကျော် တင်ပို့ရာမှ အမေရိကန် ဒေါ်လာ ၂၂ သန်းခန့် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန်တစ်သောင်းကျော် ပိုမိုတင်ပို့ ထားသော်လည်း  ဈေးနှုန်းရရှိမှု နည်းပါးသဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းခန့် လျော့နည်းခြင်း ဖြစ်သည်။

 

လက်ရှိ  မြန်မာ့ကုလားပဲကို  အိန္ဒိယ၊ ပါကစ္စတန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ သီရိလင်္ကာ၊ နယ်သာလန်နှင့် မလေးရှားနိုင်ငံ တို့သို့ တင်ပို့နေကြောင်း သိရသည်။

 

ကုလားပဲ ပြည်ပတင်ပို့မှုအဖြစ်  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က တန်ချိန် ၁၇ဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ကိုးသန်းကျော်၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က တန်ချိန်  ၃၅ဝဝဝ ကျော်  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်  တန်ချိန် ၃၆ဝဝဝ  ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂ သန်းကျော် အသီးသီး ရရှိထားကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)