Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်မှဆစ်ဆင့် သီဟိုဠ်စေ့ တန် ၁၇၀ ခန့်ကို တရုတ်သို့ တင်ပို့ရောင်းချမည်

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော သီဟိုဠ်စေ့တန် ၁၇၀ ခန့်ကို မူဆယ်ကနေ

တရုတ်ပြည်ဘက်သို့ တင်ပို့ ရောင်းချမည်ဟု ပုသိမ်မြို့ရှိ သီဟိုဠ်အ၀ယ်ဒိုင်မှ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

တစ်လအတွင်းပို့နိုင်ဖို့ တရုတ်ကုန်သည်တွေနဲ့ ချိတ်ဆက်ထားပြီး အနိမ့်ဆုံးမှာ တစ်ပိဿာကို ကျပ် ၄၅၀၀ ကနေ ကောင်းရင်တော့ ကျပ် တစ်သောင်းခွဲအထိ ရကြောင်း သိရပါတယ်။

 

ရန်ကုန်သီဟိုဠ်ခွဲစက်မှာ ကုန်ချောအနေနဲ့ထုတ်လုပ်၊ ထုပ်ပိုးပြီးတော့ ပြည်ပနိုင်ငံအချို့ကိုလည်း တင်ပို့ရောင်းချနေကြောင်း အ၀ယ်ဒိုင်တွေကနေတစ်ဆင့် သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် သီဟိုဠ်စိုက်ဧက ၆၅၉၃၃ ခန့်ရှိပြီး မြောင်းမြခရိုင်၊ ဟံင်္သာတခရိုင်၊ လပွတ္တာ၊ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ငပုတောမြို့နယ်၊ ပင်လယ်ကမ်းခြေဒေသကျေးရွာများအပြင် ချောင်းသာ၊ ငွေဆောင်ဒေသတွေမှာပါ သီဟိုဠ်ကို စိုက်ပျိုးကြောင်း သိရပါတယ်။

 

လက်ရှိပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ကုန်ကြမ်းဝယ်ယူတဲ့ဒိုင် ခြောက်ခု၊ ခုနစ်ခုခန့်ရှိနေပြီ သီဟိုဠ်စေ့ကုန်ကြမ်းတွေကို ရန်ကုန်ဈေးကွက်ကို အဓိကထား တင်ပို့ကြောင်း သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးရဲ့ ဒေသထွက်ကုန် ပြည်ပပို့ကုန်ဖြစ်တဲ့ သီဟိုဠ်စေ့က ရာသီသီးနှံအဖြစ်နဲ့ ဧပြီလ၊ မေလပိုင်းဆိုရင် လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပါတယ်။

 

သီဟိုဠ်စေ့ဟာ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ်ပြီးတော့ ဇွန်လ မိုးဖြိုင်ဖြိုင်ရွာသွန်းချိန်မှာ မိုးမိရင် အသီးမှာ ရေ၀င်တဲ့အတွက် မည်းသွားပြီး ဈေးကွက်မှာ အရောင်းအ၀ယ်မဖြစ်တော့ဘဲ ဈေးကွက်အေးသွားကြောင်း သိရပါတယ်။

 

ယခုအချိန်တွင် သီဟိုဠ်ကုန်ချောထုတ်လုပ်တဲ့ ခွဲစက်တွေဟာ ရန်ကုန်သာမက ဧရာဝတီတိုင်းဒေသကြီးတွင်း ပုသိမ်မြို့ပေါ်နဲ့ သာပေါင်းမြို့နယ်တွေမှာပါ စက်တွေ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

 

ခွဲစက်တွေအနေနဲ့ ကုန်ကြမ်းတွေဝယ်ယူကာ နှစ်ပတ်လည် သိုလှောင်ထားပြီးတော့ ကုန်ချောထုတ်လုပ်ပြီး မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Myanmar Ahlin

Read times Last modified on Wednesday, 19 September 2018 13:45
Rate this item
(2 votes)