Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပကို ငါးတင်ပို့ရာမှာ ကွန်တိန်နာ အခက်အခဲ ဖြစ်

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ရောင်းချနေတဲ့ငါး လုပ်ငန်း ဈေးကွက်ဟာလည်း ထိခိုက်ခဲ့တယ်လို့ကုန်သည်တွေက ဆိုပါတယ်။

ရေကြောင်းကုန်သွယ်ရေးက တင်ပို့တဲ့နေရာမှာလဲ အခက်အခဲရှိသလို နယ်စပ်ကုန်သွယ်ရေးကလဲတင်ပို့မရတော့ တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။

လတ်တလော ငါးတင်ပို့သူတွေ ငါးမွေးမြူသူတွေဟာ ကိုဗစ်ကြောင့် ကုန်တင်ပို့တဲ့နေရာ ပုံမှန်ကုန်သွယ်ရေးကရော နယ်စပ်ကုန်သွယ်ရေးက ပါအခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

ပြည်ပကို ပုံမှန်ရေကြောင်း ကုန်သွယ်ရေးကနေ တင်ပိုရာမှာ ကွန်တိန်နာ စျေးတွေ နှစ်ဆကျော်ခန့်ပေးနေရတဲ့ အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေဟာ အကျိုးအမြတ်မရသလောက်ဖြစ်နေတယ်လို့လည်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိအခြေအနေတွေအပြင် ငါးစာစျေးကြီးမြင့်မှုနဲ့ ပြည်ပတင်ပို့တဲ့ ကုန်တင်သေတ္တာစျေးတွေမြင့်နေတာကြောင့်လုပ်ငန်းရှင်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အကျိုးအမြတ်မရသလောက်ဖြစ်နေတယ်လို့ ပြည်တွင်းငါးလုပ်ငန်းရှင်တွေကပြောပါတယ်။

ဘီဘီစီ

Read times
Rate this item
(0 votes)