Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်အစို ဈေးမြင့်တက်သဖြင့် တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများ၌ ငရုတ်အသစ်များ စတင်ဆွတ်ခူးနေရာ အစိုဈေးမြင့်တက်နေသဖြင့် တောင်သူများ အဆင်ပြေကြောင်း သိရသည်။

 

''အခုနှစ် ဒီဇင်ဘာနောက်ပိုင်းက စိုက်တဲ့ငရုတ်တွေ ဆွတ်ခူးနေပါတယ်။ ကုန်စိမ်းဈေးကွက်မှာတော့ ငရုတ်အစိုအဝယ်များတယ်။   အရင်နှစ်က   ငရုတ် တစ်ပိဿာငွေကျပ် ၈ဝဝ ပဲရတယ်။

 

စရိတ်စကလည်း နွားလှည်းတစ်စီးစာ ပိဿာချိန် ၂ဝဝ ခန့်ကို ငွေကျပ် ၇ဝဝဝ ပေးရတာ၊ စရိတ်စကနုတ်တော့ တွက်ခြေမကိုက်ဘူး။အခုပေါက်ဈေးက တစ်ပိဿာငွေကျပ် ၁၅ဝဝ ရနေတော့ အဆင်ပြေပါတယ်''ဟု ရေနံချောင်းမြို့နယ်မှ တောင်သူဦးလှဝင်းက ပြောသည်။

 

အဆိုပါဒေသရှိ   ငရုတ်များကို  ဒေသတွင်း ရေနံချောင်းမြို့နယ်အပြင် မန္တလေး၊ မကွေး၊ ကျောက်ပန်းတောင်း  စသည့်မြို့တို့အထိ တင်ပို့ရသည်။ ငရုတ်ခြောက်ကို   အမှုန့်စက်၊  အရောင်တင်စက်၊ ခွဲခြမ်းစက်များက ဝယ်ယူကြပြီး ပြည်ပကိုလည်း တင်ပို့ကြောင်း   သိရသည်။

 

''ငရုတ်ခြောက်အဟောင်း တစ်ပိဿာငွေကျပ်  ၄၅ဝဝ ဈေးရှိတယ်။ လက်ကျန်ဆိုတာလည်း  နည်းနေတာလေ။ ဘာလို့လဲဆိုတော့  အခုနှစ် ငရုတ်အထွက်နည်းတာပါ။ အရင်နှစ်က တစ်နေ့ကို  ပိဿာ ၅ဝဝ ဝင်ရာကနေ  အခုပိဿာ ၃၅ဝ ပဲဝင်တော့တယ်''ဟု ပွဲစားတစ်ဦးက  ပြောသည်။

 

ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနစာရင်းအရ ငရုတ်စိုက်ပျိုးမှုမှာ ဧက ၅၈၂ ဧက ဖြစ်ပြီး လျာထားချက်မှာ ၅၇၆ ဧကဖြစ်သော်လည်း ကျော်လွန်ပြီး စိုက်ပျိုးလာကြကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)