Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေငန်ပုစွန် သားဖောက် မွေးမြူရေးသည် ဆုံးရှုံးမှုများ၍ စီးပွားဖြစ် မလုပ်နိုင်တော့ဟုဆို

ရေငန်ပုစွန် သားဖောက် မွေးမြူရေးသည် ဆုံးရှုံးမှုများ၍ စီးပွားဖြစ် မလုပ်နိုင်တော့ဟုဆို google.com

ရေငန်ပုစွန်မျိုးမကြီးများ ကို သားဖောက်မွေးမြူသောလုပ် ငန်းသည် ဆုံးရှုံးမှုများသဖြင့် စွန့် စားရသော

စီးပွားရေးလုပ်ငန်းအဖြစ်သို့ ပြောင်းလဲသွားကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌဦးနှင်းဦးက ပြောသည်။

 

ရေငန်ပုစွန်သားဖောက်မွေး မြူရာတွင် ယခင်က သားပေါက် အားလုံး၏ ၆၀ ရာခိုင်နှုန်းအထက် အသက်ရှင်သော်လည်း ယခုအ ခါ ၁၀ ရာခိုင်နှုန်းသာ ရှင်သန်ကြီး ထွားတော့သည်ဟု ဦးနှင်းဦးက ပြောသည်။

 

‘‘ရေငန်ပုစွန်ဘလက်တိုက် ဂါးတွေက လွန်ခဲ့တဲ့ ဆယ်နှစ်က ရှင်သန်နှုန်း ကောင်းခဲ့ပေမယ့်လည်း ဒီနှစ်ပိုင်းတွေမှာ ၁၀ ရာ ခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းပဲ ရှင် တော့တယ်။ ဒါကြောင့် စီးပွားဖြစ် မွေးမြူသူတွေအတွက် စွန့်စားမှုများတဲ့ လုပ်ငန်းဖြစ်နေပြီ။ စီးပွားဖြစ် မလုပ်နိုင်တော့ဘူး’’ဟု ဦးနှင်းဦးက ပြောသည်။

 

ပုစွန်သားဖောက်စခန်းတစ်ခုသည် သားပေါက်တစ်ရာသီတွင် ကျပ်သိန်းသုံးရာခန့်ဖြင့် သုံးနှစ် ဆက်တိုက် ဆုံးရှုံးသဖြင့် ယခုနှစ် သားဖောက်ရာသီတွင် ပုစွန်တုပ် အမများကို အစိုးရပိုင်ဓာတ်ခွဲခန်း၌ စစ်ဆေးနေကြောင်း ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ‘‘ပုစွန်တွေကို စစ်ဆေးတာလည်း လုပ်ရမယ်။ ရေထုညစ် ညမ်းတာကြောင့်လည်း ဖြစ်နိုင် တယ်။ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်း မအောင်မြင်တာ ဘာ ကြောင့်လဲ သေချာသိရအောင်ပါ။ ပုစွန်အမကြီးတွေက မွန်၊ ကရင်နဲ့ ဧရာဝတီရေပြင်တွေက မျိုးယူပြီး အရင်ကတည်းက ထုတ်လုပ်ခဲ့ပေမယ့် အခုတော့ မအောင်မြင်တော့ဘူး။ ဒါကိုကြည့်ရင် ဓာတု ဓာတ်ကြွင်းတွေကြောင့်လား၊ ရေကြောင့်လား သိအောင်လုပ်ရ မယ်’’ဟု ဦးနှင်းဦးက ပြောသည်။

 

ယခုနှစ်အတွင်း ပုစွန်သား ဖောက်စခန်း ၁၄ ခုတွင် ရောဂါပိုးကျရောက်သဖြင့် သားဖောက်စခန်းများပိတ်ခဲ့ရပြီး ပုစွန်သား ဖောက်လုပ်ငန်းရှင်များ၊ ပုစွန်မွေး မြူရေးလုပ်ငန်းရှင်များနှင့် ပုစွန် ပြည်ပတင်ပို့သူများ စီးပွားရေးထိ ခိုက်ကြောင်း ပုစွန်လုပ်ငန်းရှင်များက ပြောသည်။

 

Source: 7 days New

Read times Last modified on Monday, 17 September 2018 14:28
Rate this item
(1 Vote)