Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တင်သွင်းမှုကန့်သတ်ချက် ပယ်ဖျက်ပါက အိန္ဒိယကုန်သည်များက မြန်မာပဲတန်ချိန်များစွာဝယ်ယူရန် ပြင်ဆင်နေဟုဆို

တင်သွင်းမှုကန့်သတ်ချက် ပယ်ဖျက်ပါက အိန္ဒိယကုန်သည်များက မြန်မာပဲတန်ချိန်များစွာဝယ်ယူရန် ပြင်ဆင်နေဟုဆို google.com

ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ချက်ကို အိန္ဒိယအစိုးရ က ပယ်ဖျက်ပေးပါက မြန်မာနိုင်ငံ မှ

ပဲတန်ချိန်သုံးသိန်းမှ လေးသိန်း ကြား ၀ယ်ယူတင်သွင်းရန် စီစဉ် ထားသည်ဟု အိန္ဒိယကုန်သည် များကပြောကြားကြောင်း အိန္ဒိယ အွန်လိုင်းကုန်စည်ရောင်းဝယ်ရေး ၀က်ဘ်ဆိုက်တစ်ခုတွင် ဒီဇင်ဘာ ၁ ရက်က ဖော်ပြထားသည်။

 

အိန္ဒိယအစိုးရ၏ ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ချက်သည် ၂၀၁၈ မတ်လ ၃၁ ရက်တွင် ကုန် ဆုံးမည်ဖြစ်ပြီး အိန္ဒိယကုန်သည် များက မြန်မာနိုင်ငံမှ ပဲတင်သွင်း နိုင်မည်ဟု မျှော်လင့်နေပြီး စီစဉ် နေသည်ဟု ဖော်ပြထားသည်။

 

Commodity Online India Limited (COIL)အိန္ဒိယအွန်လိုင်း ကုန်စည်ရောင်းဝယ်ရေးဝက်ဘ် ဆိုက်သည် ကုန်စည်များနှင့်ပတ် သက်၍ အွန်လိုင်း၌ အချက်အလက်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီ ဖြစ်သည်။

 

‘‘တကယ်ဝယ်နိုင်မယ်ဆိုရင် တော့ သတင်းကောင်းပဲ’’ ဟု မြန် မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းအတွင်းရေးမှူးဦးမင်းကို ဦးက ပြောသည်။

 

အိန္ဒိယအစိုးရကပဲတင်သွင်း မှု ကန့်သတ်ပြီးနောက်နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းခဲ့သည်။ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် အစိုးရကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းတို့က အိန္ဒိယနိုင်ငံ သို့ သွားရောက်ညှိနှိုင်းခဲ့ကြောင်း ၎င်းက ပြောသည်။

 

အိန္ဒိယအစိုးရက ပြည်ပမှ ပဲတင်သွင်းမှုကို ပြန်လည်ခွင့်ပြု ပါက မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အစိုးရချင်း သဘောတူညီမှုဖြင့် ၀ယ်ယူရန်ဆန္ဒရှိသည်ကို ပြော ကြားထားကြောင်းဦးမင်းကိုဦးက ရှင်းပြသည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုမရှိခြင်းကြောင့် ပြည် တွင်းဈေးကွက်၌ မတ်ပဲတစ် တန်လျှင် လေးသိန်းခုနစ်သောင်း ငါးထောင်ကျပ်၊ ပဲစင်းငုံတစ်တန် လျှင် သုံးသိန်းသုံးသောင်းကျပ် ဈေးရှိနေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:45
Rate this item
(1 Vote)