Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံအတွင်းရှိ ကျွဲ၊ နွားများကို တရုတ်က တရားဝင်လက်ခံခြင်းမရှိသေး

Unicode

 

မြန်မာနိုင်ငံအတွင်းရှိ ကျွဲ၊ နွားများကို တရုတ်က တရားဝင်လက်ခံခြင်းမရှိသေး

ပြည်တွင်းရှိ ကျွဲ၊ နွားများကို မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရရှိပြီဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က အောက်တိုဘာ ၁၁ ရက်က ပြောပါတယ်။

 

ဒါ့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် လက်ရှိမှာ မြန်မာ့ကျွဲ၊ နွားများကို တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံလာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

“အခု တရုတ်က တရားဝင်လက်ခံလာနိုင်ဖို့ ညှိနှိုင်းနေတယ်။ မြန်မာနိုင်ငံကတော့ တင်ပို့ခွင့်ကို တရားဝင်ပေးလိုက်ပြီ။ တရုတ်ကတော့ တရားဝင် လက်မခံသေးဘူး။ အခုလက်ရှိက တရားမဝင်လမ်းကြောင်းကနေပဲ ပို့နေရတဲ့ပုံစံ။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကတော့ ညှိနှိုင်းနေတုန်းပဲ တရုတ်က တရားဝင်ဝယ်ဖို့တော့ရှိတယ်။ အောက်ပိုင်းလေးတွေမှာ ညှိတဲ့သဘောပေါ့။ ဘယ်လိုအခြေအနေမှာ နွားကိုလက်ခံမလဲ။ အဓိကကတော့ ကျန်းမာရေးပေါ့။ ခွာနာ၊ လျှာနာ ကင်းစင်ဖို့ ကင်းစင်တဲ့ ကျွဲ၊ နွားတွေကို ဘယ်လိုဝယ်ယူမလဲဆိုတဲ့အပိုင်းတွေ ညှိနေတာမျိုးတွေရှိတယ်” လို့ ဒေါက်တာကျော်ထင်က ပြောပါတယ်။

 

အိန္ဒိယနယ်စပ်မှ မြန်မာပြည်သို့ ကျွဲ၊ နွားများယူလာပြီး တရုတ်သို့ ပြန်လည်ပို့ဆောင်တယ်ဆိုတဲ့ အချက်ကြောင့် မြန်မာကုန်သည်များအနေနဲ့ ၎င်းတင်ပို့မှုတွင် အခက်အခဲများရှိနေကြောင်း သိရပါတယ်။

 

Read More >>>>>    သီးႏွံအေျခာက္ခံစက္ႏွင့္ သိုေလွာင္႐ံုကို ေနရာေပါင္း ၁၀၀ တြင္ တည္ေဆာက္မည္

 

“ဒီတရားမဝင် ကျွဲ၊ နွားတင်ပို့မှုတွေကြောင့် မြန်မာကုန်သည်များအနေနဲ့ ကျွဲ၊ နွားတွေကို တရုတ်ဘက်ကို အရင်ဆုံးပေးလိုက်ရပါတယ်။ တရုတ်ကုန်သည်တွေက နောက်တစ်ကြိမ် ပိုက်ဆံပြန်ရှင်းမှသာ မြန်မာကုန်သည်တွေက ငွေရရှိတာပါ။ ငွေမရှင်းဘူးဆိုရင်တော့ ကျွဲ၊ နွားတွေလည်းဆုံး၊ ငွေလည်းဆုံးပေါ့” လို့ ၎င်းက ဆိုပါတယ်။

 

Sunflower Seeds (20)ေနၾကာေစ့ထုတ္လုပ္ငန္းမ်ား (၂၀)ခုကို ရွာရန္ႏွိပ္ပါ။

 

ကျွဲ၊ နွားတင်ပို့မှု တရားဝင်ဖြစ်ပါက စာချုပ်စာတမ်းများကြောင့် အကောင်အရေအတွက် မိမိလိုလားချက်များ ညှိနှိုင်းယူ၍ရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြည်ပသို့ ကျွဲ၊ နွား တရားဝင်တင်ပို့ခွင့်ရရှိခဲ့ပြီး အမိန့်စာထုတ်ပြီးတဲ့အချိန်ကာလမှ ယနေ့အထိ ကျွဲ၊ နွားအကောင်ရေ လေးသိန်းကျော် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

Source: Ministry of Commerce

 

ျမန္မာႏိုင္ငံအတြင္းရွိ ကြၽဲ၊ ႏြားမ်ားကုိ တ႐ုတ္က တရားဝင္လက္ခံျခင္းမရွိေသး

 

ျပည္တြင္းရွိ ကြၽဲ၊ ႏြားမ်ားကို ျမန္မာႏိုင္ငံဘက္မွ တရားဝင္တင္ပို႔ခြင့္ ရရွိၿပီျဖစ္ေပမယ့္လည္း တ႐ုတ္ႏိုင္ငံဘက္က တရားဝင္လက္ခံျခင္း မရွိေသးေၾကာင္း ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေက်ာ္ထင္က ေအာက္တိုဘာ ၁၁ ရက္က ေျပာပါတယ္။

 

ဒါ့ေၾကာင့္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနအေနျဖင့္ လက္ရွိမွာ ျမန္မာ့ကြၽဲ၊ ႏြားမ်ားကို တ႐ုတ္ႏိုင္ငံဘက္က တရားဝင္လက္ခံလာႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္။

 

“အခု တ႐ုတ္က တရားဝင္လက္ခံလာႏိုင္ဖို႔ ညႇိႏႈိင္းေနတယ္။ ျမန္မာႏိုင္ငံကေတာ့ တင္ပို႔ခြင့္ကို တရားဝင္ေပးလိုက္ၿပီ။ တ႐ုတ္ကေတာ့ တရားဝင္ လက္မခံေသးဘူး။ အခုလက္ရွိက တရားမဝင္လမ္းေၾကာင္းကေနပဲ ပို႔ေနရတဲ့ပုံစံ။ ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနကေတာ့ ညႇိႏႈိင္းေနတုန္းပဲ တ႐ုတ္က တရားဝင္ဝယ္ဖို႔ေတာ့ရွိတယ္။ ေအာက္ပိုင္းေလးေတြမွာ ညႇိတဲ့သေဘာေပါ့။ ဘယ္လိုအေျခအေနမွာ ႏြားကိုလက္ခံမလဲ။ အဓိကကေတာ့ က်န္းမာေရးေပါ့။ ခြာနာ၊ လွ်ာနာ ကင္းစင္ဖို႔ ကင္းစင္တဲ့ ကြၽဲ၊ ႏြားေတြကို ဘယ္လိုဝယ္ယူမလဲဆိုတဲ့အပိုင္းေတြ ညႇိေနတာမ်ိဳးေတြရွိတယ္” လုိ႔ ေဒါက္တာေက်ာ္ထင္က ေျပာပါတယ္။

 

Read More >>>>>    သီးႏွံအေျခာက္ခံစက္ႏွင့္ သိုေလွာင္႐ံုကို ေနရာေပါင္း ၁၀၀ တြင္ တည္ေဆာက္မည္

 

အိႏၵိယနယ္စပ္မွ ျမန္မာျပည္သို႔ ကြၽဲ၊ ႏြားမ်ားယူလာၿပီး တ႐ုတ္သို႔ ျပန္လည္ပို႔ေဆာင္တယ္ဆုိတဲ့ အခ်က္ေၾကာင့္ ျမန္မာကုန္သည္မ်ားအေနနဲ႔ ၎တင္ပို႔မႈတြင္ အခက္အခဲမ်ားရွိေနေၾကာင္း သိရပါတယ္။

 

“ဒီတရားမဝင္ ကြၽဲ၊ ႏြားတင္ပို႔မႈေတြေၾကာင့္ ျမန္မာကုန္သည္မ်ားအေနနဲ႔ ကြၽဲ၊ ႏြားေတြကို တ႐ုတ္ဘက္ကို အရင္ဆုံးေပးလိုက္ရပါတယ္။ တ႐ုတ္ကုန္သည္ေတြက ေနာက္တစ္ႀကိမ္ ပိုက္ဆံျပန္ရွင္းမွသာ ျမန္မာကုန္သည္ေတြက ေငြရရွိတာပါ။ ေငြမရွင္းဘူးဆိုရင္ေတာ့ ကြၽဲ၊ ႏြားေတြလည္းဆုံး၊ ေငြလည္းဆုံးေပါ့” လို႔ ၎က ဆိုပါတယ္။

 

Sunflower Seeds (20)ေနၾကာေစ့ထုတ္လုပ္ငန္းမ်ား (၂၀)ခုကို ရွာရန္ႏွိပ္ပါ။

 

ကြၽဲ၊ ႏြားတင္ပို႔မႈ တရားဝင္ျဖစ္ပါက စာခ်ဳပ္စာတမ္းမ်ားေၾကာင့္ အေကာင္အေရအတြက္ မိမိလိုလားခ်က္မ်ား ညႇိႏႈိင္းယူ၍ရေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ျပည္ပသို႔ ကြၽဲ၊ ႏြား တရားဝင္တင္ပို႔ခြင့္ရရွိခဲ့ၿပီး အမိန္႔စာထုတ္ၿပီးတဲ့အခ်ိန္ကာလမွ ယေန႔အထိ ကြၽဲ၊ ႏြားအေကာင္ေရ ေလးသိန္းေက်ာ္ တင္ပို႔ခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

 

Source: Ministry of Commerce

 

 

Read times Last modified on Wednesday, 26 February 2020 10:10
Rate this item
(0 votes)