Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


GAP နည်းဖြင့် ဖရဲနှင့် သခွားမွှေး ဧက ၁ဝဝဝ ခန့် စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဖရဲနှင့် သခွားမွှေးစိုက် တောင်သူများအတွက် GAP သင်တန်းခေါင်းဆောင်များ စီမံကိန်းကို ၂ဝ၁၉ ခုနှစ်နှင့်  ၂ဝ၂ဝ  ပြည့်နှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ရာ

အဆိုပါ စီမံကိန်းအရ ချောင်းဦး၊ မြောင်၊ ရေစကြို နှင့် ထီးချိုင့်မြို့နယ်တို့ရှိ ဖရဲနှင့် သခွားမွှေးစိုက် တောင်သူများအား  သင်တန်းများ ပို့ချပေးပြီး GAP နည်းဖြင့် ဖရဲ ဧက ၅ဝဝ နှင့် သခွားမွှေး ဧက ၅ဝဝ စုစုပေါင်း ဧက ၁ဝဝဝ ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲ၊  သခွားမွှေးအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်၏ ပြောပြချက်အရ သိရသည်။

 

''သခွားမွှေးGAP ဇုန်အတွက်  အခွင့်အလမ်း ဆောင်ရွက်ပေးနိုင်ဖို့ဆိုရင် တစ်ကွင်းတည်း တစ်စပ်တည်း စုပေါင်းစိုက်ထုတ်နိုင်ဖို့  မြေနေရာ၊ သွင်းအားစု ရရှိတာနဲ့  လိုအပ်တဲ့ မျိုးကောင်းမျိုးမှန်၊ တခြားသွင်းအားစု ပံ့ပိုးမှု အခွင့် အလမ်းနဲ့   ဈေးကွက် စတာတွေကို ပံ့ပိုးပေးပြီး တန်ဖိုးမြင့်GAP အဆင့်ဖြစ်အောင် ဖော်ဆောင်ပေးရေး အစီအစဉ်တွေ ချမှတ်ထားတယ်'' ဟု  ဦးစိုးလွင် ကပြော သည်။

 

Read More >>>>>   အသက် ၃ဝ ကျော်လာရင် ဝေးဝေးကရှောင်သင့်တဲ့ အစားအစာများ

 

GAP နည်းဖြင့်  ဖရဲနှင့် သခွားမွှေး စိုက်ပျိုးမည့် စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၌သာမက  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည် ဖော်ဆောင်နိုင်ရန်  ဆက်လက်  ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်သည်။   မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဖရဲနှင့် သခွားမွှေးများကို   တရုတ်နိုင်ငံ ဈေးကွက်သို့   အဓိကတင်ပို့ ရောင်းချနေသည့်အပြင် တခြားသော ပြည်ပဈေးကွက်များသို့  တင်ပို့ရောင်းချနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဟောင်ကောင်၊  မလေးရှား၊  စင်ကာပူ  စသည့်နိုင်ငံ တို့သို့    အနည်းငယ်တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Monday, 20 May 2019 17:48
Rate this item
(1 Vote)