Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အဝယ်နည်း၍ ပြည်တွင်းဆန်ကြမ်းဈေး ကျဆင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်အစိုးရ၏ ဖမ်းဆီးမှုများကြောင့် တရုတ်ကုန်သည် များက

မြန်မာဘက်မှ ဆန်ကို ဝယ်ယူမှုနည်းနေ၍ ပြည်တွင်းဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်း ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ  သတင်းရရှိ သည်။

 

မိုးဦးရာသီတွင် ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ဈေးနှုန်း စတင်မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံမှ ဝယ် လိုအား လျော့နည်းခြင်းကြောင့် ဆန်ကြမ်းဈေးနှုန်း ပြန်လည်ကျ ဆင်းရခြင်းဖြစ်သည်ဟု အထက် ပါအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

 


တရုတ်နိုင်ငံမှ အဝယ်နည်းသဖြင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းသည် မေလ တတိယပတ်ကစတင်၍ တစ် အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀၀ မှ ၁,၀၀၀ အကြား ဈေးနှုန်းကျဆင်း လာသည်ဟု ဘုရင့်နောင်ဆန်ပွဲရုံ ပိုင်ရှင်အချို့ထံမှ သတင်းရရှိသည်။

 

‘‘ဆန်ဈေးက တစ်လ လောက်ပဲ တက်တဲ့သဘောပဲ။ အခုတော့ ပြန်ကျလာပြီ’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောသည်။

 

ယခုနှစ် သင်္ကြန်ပွဲအပြီးတွင် တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု တိုးမြှင့်လာခြင်းကြောင့် ပြည်တွင်း ဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်း သည် တစ်အိတ်လျှင် ကျပ် ၁,၀၀၀မှ ၁,၅၀၀ အကြား ဈေးနှုန်းမြင့် တက်ခဲ့ခြင်းဖြစ်သည်။

 

 တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို တစ်ရက်လျှင် အိတ်ရေ လေးသောင်းခန့် တိုးမြှင့်ဝယ် ယူ၍ ဈေးနှုန်းကို တစ်အိတ်လျှင် ၁၀ ယွမ် (၁,၉၂၀ ကျပ်) ဈေးဖြင့် တိုးမြှင့်ဝယ်ယူခဲ့ကြောင်း မူဆယ်မြို့ ကုန်သည်များထံမှ သိရသည်။

 

ထို့ကြောင့် ပြည်တွင်းဈေး ကွက်တွင် ဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ်နှစ်သောင်းကျော် အထိ မြင့်တက်ခဲ့ပြီး ယခုရက်၌ ကျပ်တစ်သောင်းကိုးထောင်ကျော်သို့ ပြန်လည်ကျဆင်းလာကြောင်း ဆန်ကုန်သည် အချို့ထံ မှ သိရသည်။

 

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကို မြန်မာအစိုးရက တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်အစိုးရက ခွင့်မပြု၍ ကုန် သည်များက ဆန်အပါအဝင် မြန်မာပို့ကုန်များကို မှောင်ခိုစနစ် ဖြင့်သာ တင်သွင်းနေရသည်။ ထို့ ကြောင့် တရုတ်အစိုးရက နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့နေသည့် မြန်မာပို့ကုန်များကို အလွယ်တကူ ဖမ်းဆီးထိန်းချုပ်နိုင်ကြောင်း ကုန်သည်များက ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:28
Rate this item
(1 Vote)