Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ နေ့စဉ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအနေဖြင့် ရှမ်းပြည်နယ်မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲပို့ကုန်ယာဉ်အစီးရေ ၃၀ ခန့်ဖြင့် နေ့စဉ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌက ပြောပြ၍ သိရသည်။

 

လက်ရှိတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး ဆန်စပါးများ အသစ်ထွက်ပေါ်သည့် ကာလဖြစ်သည့်အတွက် ဆန်တင်ပို့မှုသည် ယခင်ထက် ပိုမိုကောင်းမွန်နေကာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်က ပြည်ပသို့ နေ့စဉ် ဆန်နှင့် ဆန်ကွဲပို့ကုန်ယာဉ်အစီးအေ ၃၀ ခန့် တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။

 

“သီတင်းကျွတ်လနောက်ပိုင်း အောက်မြန်မာပြည်မှာ ဆန်အသစ်တွေ ဖြိုင်ဖြိုင်ပေါ်လာပြီ၊ အဲဒီအတွက် ဆန်နှင့် ဆန်ကွဲက တစ်နေ့ကို တန် ၅၀ ဆံ့တဲ့ တွဲကားအစီး ၂၀ နဲ့ ၃၀ ကြား ပုံမှန်သွားနေတာကို တွေ့ရှိရပါတယ်။ စျေးနှုန်းအရဆိုလဲ ဆန်ကွဲတစ်အိတ်ကို မူဆယ်အထိုင်စျေး ယွမ် ၁၄၀ ကနေ ၁၅၀ ကြား ရပါတယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဠက ပြောပြသည်။

 

ပြီးခဲ့သည့် သီတင်းကျွတ်လ မတိုင်မီကာလက မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်က ပြည်ပသို့ တစ်ရက်လျှင် ဆန်နှင့် ဆန်ကွဲ ပို့ကုန်ယာဉ်ငါးစီးမှ ၁၀ စီးသာဝင်ရောက်နိုင်ပြီး လက်ရှိတွင် ဆန်နှင့် ဆန်ကွဲပို့ကုန်ယာဉ်အစီးရေ ၃၀ ခန့် ဝင်ရောက်နိုင်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ်စပ်ကုန်သါယ်ရေးစခန်း၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်ဖြစ်ကြောင်း မူဆယ်ဆန်စပါး ဒုတိယဥက္ကဌ ကပြောပြ၍ သိရသည်။

 

Source: YDNP

Read 705 times Last modified on Wednesday, 26 October 2022 09:50
Rate this item
(0 votes)