Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဈေးကွက်၌ သီးနှံများဈေးကောင်းရရေး မန္တလေးတိုင်းအစိုးရက အချက်အလက် ပံ့ပိုးမည်ဟုဆို

တရုတ်နယ်စပ်မှ သီးနှံ များတင်ပို့ရာတွင်ဈေးကောင်းရ ရှိမည့် သီးနှံများရွေးချယ်စိုက်ပျိုး နိုင်စေရန်

ဈေးကွက်စီးပွားရေးအ ခြေအနေနှင့် သီးနှံအထွက်နှုန်း များကို အွန်လိုင်းပေါ်မှ အလွယ်တ ကူကြည့်ရှုနိုင်စေရန် စီစဉ်ပေးမည်ဟု တိုင်းအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

 

‘‘မန္တလေးမှာလက်ရှိဒေတာ စင်တာထောင်တော့မယ်။ ပြီးရင် နယ်စပ်ဒေသရဲ့ ဈေးကွက်စီးပွား ရေးစနစ်ဈေးကွက်အခြေအနေနဲ့ သီးနှံထွက်ရှိမှု နှုန်းထားတွေကိုပါ ဒေတာစင်တာထဲမှာထည့်ပြီးတင် ပေးထားပါမယ်။ ဒါမှသာ တောင် သူတွေအနေနဲ့ ဈေးကွက်အခြေ အနေပေါ်မူတည်ပြီး ဈေးကောင်း ရမယ့် သီးနှံတွေကို စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်’’ ဟု ဦးစိုင်းကျော်ဇော ကပြောကြားသည်။

 

လက်ရှိတွင်တရုတ်နယ်စပ်သို့ သီးနှံတင်ပို့ရာ၌ မြန်မာဘက်မှ တင်ပို့မှုအခြေအနေပေါ်မူတည်၍ ဈေးနှိမ်ဝယ်ယူခြင်းများ ရှိနေသည်။

 

တောင်သူများအရှုံးပေါ်၍ နစ်နာမှုများရှိနေသဖြင့်ဈေးကွက်  အခြေအနေနှင့် လိုအပ်ချက်ပေါ် မူတည်၍ သီးနှံများ ရွေးချယ် စိုက်ပျိုးနိုင်ရန် ယခုကဲ့သို့ စီစဉ် ခြင်းဖြစ် ကြောင်း ဦးစိုင်းကျော်ဇော ကပြောသည်။

 

‘‘ဖရဲ၊ သခွားဆိုရင်ကားတွေ ဘယ်နှစီးတက်နေလဲဆိုတဲ့ သတင်းကိုတရုတ်ပြည်က ရထားပြီးပြီ။ အဲဒါကို သူတို့က ၁၀၅ မိုင်က နေစောင့်ပြီး ဒီတစ်ခေါက်မလိုချင်ဘူးဆိုတဲ့ပုံမျိုး အိုက်တင်ခံပြီးတော့မှရတဲ့ ဈေးနဲ့ရောင်းချရတာ တွေရှိပါတယ်။ ပြောင်းတွေ တရုတ်ပြည်မှာ အလုံအလောက်ရှိတဲ့ အချိန်မှာ မသိဘဲ မနှစ်ကဈေးကောင်းလို့ဆိုပြီး နင်းကန်စိုက်ကြတဲ့အခါမှာ ဈေးမရေတော့ နွားစာ၊ ဆန်ကွဲတွေအဖြစ်ရောက်တာ တွေရှိတဲ့အတွက် အခုလိုစီစဉ်တာဖြစ်ပါတယ်’’ ဟု ဦးစိုင်းကျော်ဇောကပြောသည်။

 

လက်ရှိတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ လုပ်ငန်းဆောင် ရွက်မှုများကို e-Government စနစ်ဖြင့် အပြည့်အဝဆောင်ရွက် နိုင်ရန်နှင့် သတင်းအချက်အလက် များမျှဝေနိုင်ရန် ဒေတာစင်တာ တည်ဆောက်ရန် စီစဉ်နေသည်။

 

Source: 7 Days New

Read times Last modified on Monday, 17 September 2018 14:11
Rate this item
(1 Vote)