Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမ်ဖန်ဆိုင်ကလုန်း ယနေ့ည ကုန်းတွင်းသို့ ဝင်ရောက်မည်

အမ်ဖန်ဆိုင်ကလုန်း မုန်တိုင်းသည် စူပါဆိုင်ကလုန်း အဆင့်သို့ ရောက်ရှိပြီး

လေတိုက်နှုန်း တနာရီ ၂၇၀ ကီလိုမီတာ (တစ်နာရီ ၁၆၅ မိုင်) အထိတိုက်ခတ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် အားအပြင်းဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းတင်ခံရသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှမှ coronavirus ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် မုန်တိုင်းက ရောက်လာပြန်သည်။ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းတစ်လျှောက် လေပြင်းများနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းများကိုဖြစ်ပေါ်စေမည်ဖြစ်ပြီး အပျက်အစီးများ ဖြစ်ပွားစေမည်။ အိန္ဒိယတွင် လူဦးရေ ၃၃ . ၆ သန်း၊ ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ ၅ . ၃ သန်း သည် မုန်တိုင်းလမ်းကြောင်းအောက်တွင် ရှိနေသည်။ အိန္ဒိယနိုင်ငံမှ ထင်ရှားသည့် မြို့ကြီး ကိုလ်ကတ္တား ( Kolkata ) သည် လမ်းကြောင်းနှင့် မလွတ်မကင်း ဖြစ်နေသည်။

Amphan သည် အနည်းငယ် အားလျော့နည်းပြီး စူပါအဖြစ်မှ အလွန့်အလွန် အားကောင်းသော မုန်တိုင်းအဖြစ်သို့ ရောက်သွားသည်။ အဆင့်(၃) တွင် ရှိနေပြီး ာလေတိုက်နှုန်းမှာတစ်နာရီ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) အထိရှိသည်။

မေလ ၂၀ ( ယနေ့ ) ညတွင် ကုန်းတွင်းသို့ ဝင်ရောက်ဖြစ်ရာ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်နေရာတွင် ဖြစ်သည်။

ယနေ့ညနေအထိခန့်မှန်းချက်။

 
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်ပြည့် ဖြစ်ပါသည်။
 
မန္တလေးမြို့နှင့်အနီးတစ်ဝိုက် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေ ခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။

 

ZAWGYI

 

Storm Tracker Map

 

အမ္ဖန္ဆိုင္ကလုန္း မုန္တိုင္းသည္ စူပါဆိုင္ကလုန္း အဆင့္သို႔ ေရာက္ရွိၿပီး ေလတိုက္ႏႈန္း တနာရီ ၂၇၀ ကီလိုမီတာ (တစ္နာရီ ၁၆၅ မိုင္) အထိတိုက္ခတ္ၿပီး ဘဂၤလားပင္လယ္ေအာ္တြင္ အားအျပင္းဆုံး မုန္တိုင္းအျဖစ္ မွတ္တမ္းတင္ခံရသည္။

အိႏၵိယႏွင့္ ဘဂၤလားေဒ့ရ္ွမွ coronavirus ကူးစက္ေရာဂါ ျဖစ္ပြားေနစဥ္ မုန္တိုင္းက ေရာက္လာျပန္သည္။ ဆိုင္ကလုန္းမုန္တိုင္းလမ္းေၾကာင္းတစ္ေလွ်ာက္ ေလျပင္းမ်ားႏွင့္မိုးသည္းထန္စြာ႐ြာသြန္းျခင္းမ်ားကိုျဖစ္ေပၚေစမည္ျဖစ္ၿပီး အပ်က္အစီးမ်ား ျဖစ္ပြားေစမည္။ အိႏၵိယတြင္ လူဦးေရ ၃၃ . ၆ သန္း၊ ဘဂၤလားေဒ့ရွ္တြင္ လူဦးေရ ၅ . ၃ သန္း သည္ မုန္တိုင္းလမ္းေၾကာင္းေအာက္တြင္ ရွိေနသည္။ အိႏၵိယႏိုင္ငံမွ ထင္ရွားသည့္ ၿမိဳ႕ႀကီး ကိုလ္ကတၱား ( Kolkata ) သည္ လမ္းေၾကာင္းႏွင့္ မလြတ္မကင္း ျဖစ္ေနသည္။

Amphan သည္ အနည္းငယ္ အားေလ်ာ့နည္းၿပီး စူပါအျဖစ္မွ အလြန႔္အလြန္ အားေကာင္းေသာ မုန္တိုင္းအျဖစ္သို႔ ေရာက္သြားသည္။ အဆင့္(၃) တြင္ ရွိေနၿပီး ာေလတိုက္ႏႈန္းမွာတစ္နာရီ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင္) အထိရွိသည္။

ေမလ ၂၀ ( ယေန႔ ) ညတြင္ ကုန္းတြင္းသို႔ ဝင္ေရာက္ျဖစ္ရာ အိႏၵိယ ႏွင့္ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ေနရာတြင္ ျဖစ္သည္။

 

ယေန႔ညေနအထိခန္႔မွန္းခ်က္။


ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္ျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာ မည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။
ျမန္မာ့ပင္လယ္ျပင္။
ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၆)ေပ ခန္႔ရွိႏိုင္ပါသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔ရွိနိင္ပါသည္။

 

 

Read times
Rate this item
(0 votes)