Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ကောင်လုံးနီးပါး စားလို့ရတဲ့ငါး

တစ်ကောင်လုံးနီးပါး စားလို့ရတဲ့ငါး

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဟင်းခတ်အမွှေးအကြိုင်မလို၊ အ‌ကြေးခွံ ခွာရန်မလို၊ အရိုးအနည်းငယ်ပါသည်။ ဒယ်နီထဲ ထည့်ကြော်ရန် အလော်တော် အရွယ်အစား ရှိသည်။

နူးညံ့ချိုမြိန်သော အရသာရှိသည့်ငါးတစ်မျိုးဖြစ်သည့် ပွန်ပနို pompano ကို တစ်ကောင်လုံးနီးပါး စားလို့ရတဲ့ငါးဟု ဆိုကြသည်။

 

pompano_2.png

 

ငွေရောင်အဆင်းရှိပြီး ပုလဲဖြူအသားပါရှိသော ပွန်ပနိုကို ဖိလစ်ပိုင်တွင် အရွယ်အစားပေါ် မူတည်ပြီး တစ်ကီလို ပီဆို ၃၀၀~၅၀၀ ဖြင့် ရောင်းချသည်။ ပွန်ပနိုတစ်ကောင် အလေးချိန် ၂၅၀ဂရမ်မှ ၁ ကီလိုဂရမ်အထိ ရှိသည်။

 

 ပွန်ပနိုကို ဖိလစ်ပိုင်တွင် ကန်ဖြင့်လည်းကောင်း၊ လှောင်အိမ်ဖြင့် လည်းကောင်းမွေးမြူကြသည်။ ပွန်ပနိုသည် ကြီးထွားနှုန်း မြန်သောငါး ဖြစ်သည်။

 ၄၅၀~၅၅၀ ဂရမ်သို့ ရောက်ရန် ၈ လသာ ကြာမြင့်သည်။

 

အကျယ် ၁၀ မီတာ၊ အရှည် ၁၀ မီတာ နှင့် အနက် ၄ မီတာရှိသည့် ပင်လယ်ရေလှောင်အိမ်များတွင် တစ်ကုဗမီတာလျှင် ငါး ၃၅ ကောင်နှုန်းဖြင့် မွေးမြူသည်။

 

 

pompano_3.png

 

ငါးလှောင်အိမ်ဖြင့် မွေးမြူခြင်းသည် ငါးသိပ်သည်းဆ မြင့်မားစွာဖြင့် လှောင်ထားနိုင်သည်။ ငါးများကို ထိန်းချုပ်ရန် လွယ်ကူသည်။ အရွယ်ရောက်သောအခါ အလွယ်တကူ ဖမ်းဆီးရယူနိုင်စေသည်။ 

ငွေရောင် ပွန်ပနိုကို အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့တွင် တွင်ကျယ်စွာ မွေးမြူကြပါသည်။

Source mpeda

Read times Last modified on Thursday, 27 October 2022 16:13
Rate this item
(0 votes)