Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် စားအုန်းဆီပြည်ပတင်ပို့မှု လျော့ချမည်

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် ဆောင်ရွက်ချက်အနေဖြင့် ပြည်တွင်းရောင်းချသော

ပမာဏအပေါ်မူတည်၍ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချမည့် ပို့ကုန်စည်းမျဉ်းအသစ်ကို ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ဆောင်ရွက်သွားမည်ဟုအစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားသည်။

 

အတည်ပြုထားပြီးဖြစ်သော စည်းမျဉ်းအသစ်အရ ပို့ကုန်လုပ်ငန်းရှင်များအား လက်ရှိ ပြည်တွင်းရောင်းအား၏ ၈ ဆ တင်ပို့ခွင့်ပြုရာမှ ၆ ဆကိုသာ စားအုန်းဆီတင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်ကာလတွင် ပြည်တွင်းလုံလောက်မှုရှိစေရန် မူဝါဒပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မူဝါဒ အပြောင်းအလဲကြောင့် ယခင်ထက် ဈေးနှုန်း ၂ ရာခိုင်နှုန်းခုန်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

ဟင်းချက်ဆီရရှိနိုင်မှုနှင့် ဈေးနှုန်းအပါအဝင် ပြည်တွင်းကုန်ကြမ်းထွက်ရှိမှုအခြေအနေများ ကိုပါ ထည့်သွင်း စဉ်းစား၍ DMO အချိုးအစားကို အခါအားလျော်စွာ အကဲဖြတ်သွားမည်ဖြစ်ကြောင်း ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းမှုရေးရာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Septian Hario Setio က ပြောကြားသည်။

 Central Ko Soe MyintConstruction Materials

 

Click Here >>> Central Ko Soe Myint

 

 ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် စားအုန်းဆီထုတ်ကုန်များအပေါ် ပို့ကုန်အစီအမံများကို စတင်ပြဋ္ဌာန်းခဲ့ကြောင်း၊ အင်ဒိုနီးရှားမှ စားသုံးဆီများတင်ပို့မှု ခေတ္တပိတ်ပင်လိုက်ခြင်းကြောင့် ဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး လက်ရှိကမ္ဘာ့စားသောက်ကုန်ပြတ်လပ်မှုအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုဆိုးရွားလာကာ ပြည်တွင်း၌ ဆီသိုလှောင်မှုများ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စားအုန်းဆီပြည်ပတင်ပို့မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ရောင်းချရန်တာဝန် (Domestic Market Obligation - DMO) ဟု ခေါ်သော အစီအမံကို ကျင့်သုံးနေသည့်အတွက် ပြည်တွင်း ဈေးကွက်တွင် သတ်မှတ်ထားသည့်ပမာဏ အချိုးအစားကို တာဝန်ကျေအောင် ရောင်းချမှသာလျှင် ပို့ကုန်ပါမစ်များ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

Central Ko Soe MyintHardware Merchants Ironmongers

Click Here >>> Central Ko Soe Myint

 

အစိုးရ၏ ဇီဝဒီဇယ်အစီအစဉ်နှင့် ပထမသုံးလပတ်ကာလတွင် စားအုန်းဆီအထွက်နှုန်း လျော့နည်းမည့် ခန့်မှန်းချက်ကြောင့် ဟင်းချက်ဆီလိုအပ်ချက်နှင့်စပ်လျဉ်း၍ စိုးရိမ်မှုရှိနေကြောင်းကို အစိုးရနှင့်တွေ့ဆုံသည့်အစည်းအဝေးတွင် အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) က ပြောကြားခဲ့ ကြောင်း၊ အစိုးရ၏ဇီဝဒီဇယ်ထုတ်လုပ်မှုအစီအစဉ်တွင် ယခင်က ဆီအုန်းပါဝင်မှု ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ၃၅ ရာခိုင်နှုန်း တိုးမြင့်ရန် စီမံ ဆောင်ရွက်နေ ကြောင်း၊ ဆီအုန်းအထွက်နှုန်း ကျဆင်းမှုမရှိပါက ဆီအုန်းစက်ရုံများတွင် ဆီအုန်းခိုင်များ စုပုံမှုမရှိစေရေးနှင့် ဆီအုန်းစိုက်တောင်သူများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြန်လည်အကဲဖြတ် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ၏ အထွေထွေ အတွင်းရေးမှူး Eddy Marono က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို အများဆုံးတင်သွင်း လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒပြောင်းလဲ မှုကြောင့် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းအဆမတန် ကြီးမြင့် ခဲ့ပါသည်။ ယခုတဖန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်သက်ရောက်မည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒ အသစ်ကြောင့် ပြည်တွင်း၌ စားသုံးဆီရှားပါးခြင်းများ မဖြစ်ပေါ်နိုင်သော်လည်း ဇန်နဝါရီလ နောက်ပိုင်းကာလတွင် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းကြီးမြင့်နိုင်သည့်အလားအလာရှိကြောင်း လေ့လာသုံးသပ်ရပါသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: bloomberg, doca

Myanmar Food Industry Guide

 

Read times Last modified on Tuesday, 24 January 2023 14:30
Rate this item
(0 votes)