Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးတက်

ပြည်ပဆန်တင်ပို့ရန် အ ၀ယ်များခြင်းကြောင့် ယခုရက် ပိုင်း ပြည်တွင်း ဈေးကွက်တွင်

ဆန်ကြမ်းဈေးနှုန်း ဆက်တိုက်မြင့် တက်လာကြောင်း ဆန်ကုန်သည် အချို့က ပြောသည်။

 

ပင်လယ်ရေကြောင်း ကုန် သွယ်ရေးဖြင့် အာဖရိကနိုင်ငံများ သို့ ဆန်တင်ပို့ရန် ပြည်တွင်းဈေး ကွက်မှ ဆန်ဝယ်ယူမှုပမာဏမြင့် တက်လာခြင်းကြောင့် ဆန်ကြမ်း ဈေးနှုန်းသည်တစ်အိတ်လျှင် ပျမ်း မျှ ကျပ် ၁,၀၀၀ ခန့်ဈေးတက်လာ သည်ဟု ဆန်ကုန်သည်အချို့က ပြောသည်။

 

‘‘ရေလမ်းက ဆန်တင်ပို့မှု က ဒီနှစ်မှာ အလားအလာကောင်း နိုင်တယ်’’ ဟု ပြည်ပဆန်တင်ပို့ နေသည့်လုပ်ငန်းရှင် ဦးမျိုးသူရ အေးက ပြောသည်။

 

ဇွန်လအတွင်း အာဖရိကနိုင် ငံများသို့ သင်္ဘောသုံးစီးစာ ဆန် ရောင်းချရန် စီစဉ်နေကြောင်း ဆန်ကုန်သည် အချို့က ပြော သည်။ ထိုသို့ သင်္ဘောတင်များရှိ ခြင်းကြောင့် ပြည်တွင်းဈေးကွက် ၌ ဆန်ဝယ်ယူမှုများသဖြင့် ၂၅မှတ် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်း) ဆန်တစ်အိတ်လျှင် ၁၆,၀၀၀ ကျပ်ခန့်မှ ကျပ် ၁၇,၀၀၀ ကျော်သို့ဈေးတက်လာသည်ဟု ဘုရင့်နောင်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

 

မေလအတွင်းကလည်း တ  ရုတ်နိုင်ငံမှ အ၀ယ်များလာခြင်း ကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းသည် တစ် အိတ်လျှင် ၁,၅၀၀ ကျပ်ခန့်မြင့် တက်ခဲ့သည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်တွဲဖက်အတွင်း ရေးမှူး ဦးနေလင်းဇင်က ပြော ကြားသည်။

 

ထိုင်းနှင့်ဗီယက်နမ်က ဆန် ဈေးနှုန်း မြှင့်တင်ခဲ့သဖြင့် အာ ဆီယံဒေသတွင်းနိုင်ငံများတွင် အ သက်သာဆုံးဖြစ်သည့် မြန်မာ့ ဆန်ကို နိုင်ငံခြားဆန်ကုန်သည် များက ၀ယ်ယူရန် ကမ်းလှမ်းမှု များရှိလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူအချို့က ပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:33
Rate this item
(1 Vote)