Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပိုးသတ်ဆေးသုံးစွဲမှု မကြပ်မတ်၍ မြန်မာနိုင်ငံထွက်စားနပ်ရိက္ခာများ အန္တရာယ်ရှိဟု ကုလသမဂ္ဂသတိပေး

မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှုနည်းပါးပြီး တောင်သူလယ်သမားတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး အန္တရာယ် ကြီးကြီးမားမား ရှိနေတဲ့အပြင်

မြန်မာနိုင်ငံထွက် စားနပ်ရိက္ခာတွေမှာလည်း အန္တရာယ်ရှိကြောင်း Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hilal Elver က အောက်တိုဘာလ ၂၃ ရက်နေ့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့

 

သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။

 

ကုလသမဂ္ဂရဲ့ Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Hilal Elver က မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို အောက်တိုဘာ ၂၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ

 

အစည်းအဝေးမှာ တင်ပြမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ရွှေ့ပြောင်း လုပ်သားတွေ အကြောင်းကို ဒီနှစ်အတွက် အစီရင်ခံစာ ထဲမှာ အထူးတင်ပြဖို့ ရှိတယ်လို့ စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်

 

Hilal Elver က ဆိုပါတယ်။

 

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ပိုးသတ်ဆေး သုံးစွဲမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုတွေ မရှိတာဟာ မြန်မာနိုင်ငံက ထွက်တဲ့ စားနပ်ရိက္ခာတွေ အတွက်ပါ အန္တရာယ်ရှိနေတယ်လို့လည်း သတိပေးပါတယ်။

 

ပိုးသတ်ဆေးတွေထဲမှာ ပါဝင်နေတဲ့ ဓါတုအဆိပ်တွေရဲ့ သက်ရောက်မှုဟာ လူတိုင်းကို ထိခိုက်စေတာ ဖြစ်ပြီး ဒီအထဲမှာ စိုက်ပျိုးရေး လုပ်သားတွေရဲ့ ကျန်းမာရေးအတွက် ပိုပြီးထိခိုက်စေကြောင်း၊ ပိုးသတ်ဆေးထဲမှာ ပါတဲ့

 

ဓါတုပစ္စည်းတွေကနေ ကင်ဆာရောဂါ ဖြစ်လာနိုင်သလို ကလေးငယ်တွေ အတွက်ဆို စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်မှာ ဓာတုအဆိပ်သင့်ရင် မမွေးခင်ကတည်းက ကလေးမှာ

 

ရောဂါမျိုးစုံ ဖြစ်ပွါးနိုင်တဲ့ အန္တရာယ် ရှိနေတာမို့ ဒါကို သိပ်အရေးကြီးတဲ့ ပြဿနာ တရပ်အဖြစ် ဖြေရှင်းသင့်ကြောင်းလည်း ၎င်းက ပြောဆိုတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

Source: www.khitthitnews.com

Read times
Rate this item
(1 Vote)