Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန်၊ ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယ၏ ဆန်တင်ပို့မှု စျေးနှုန်းသည် ယခုသီတင်းပတ်အတွင်း ဝယ်လိုအား နည်းနေပြီး ရူပီးငွေ ကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းမှုကြောင့် နှစ်လအတွင်း အနိမ့်ဆုံး ဆန်ဈေးနှုန်းသို့ ကျဆင်းသွားခဲ့သည်။

 ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ၅% ဆန်ကွဲပါ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $375-$384 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $370-$375 သို့ ကျဆင်းသည်။

အာဖရိက ဝယ်လက်များ အဝယ်လျော့ကျနေသည်။ ဆန်သစ်ပေါ်ချိန် ဖြစ်နေသည်။ ရူပီတန်ဖိုးကျသည်။ အကြောင်းတိုက်ဆိုင်မှုများကြောင့် ခေါ်ဈေး ကျဆင်းသည်။

သို့သော် အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးအဓိကထွက်ရှိသော ပြည်နယ်များတွင် မရိတ်သိမ်းမီမှာ စပါးခင်းများ ပျက်စီးခဲ့သည်။ သို့ဖြစ်ရာ အထွက်နည်းမည်ဖြစ်ပြီး ဆန်ဈေး ပြန်တက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1>  ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $405 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $405-$410 သို့ မြင့်တက်သည်။

ပြည်ပမှ ဝယ်လက်များ အဝယ်အေးနေသည်။ ဆန်ထွက်ရှိမှု ပုံမှန်အခြေအနေတွင် ရှိသည်။ ရေကြီးသည့်အတွက် စပါးခင်းများ ပျက်စီးခြင်း အနည်းငယ်သာ ရှိသည်။ ယခုအခါ ရေပြန်ကျသွားပြီ။ 

ဈေးကွက်ထဲသို့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဆန်များ ဝင်လာလျက် ရှိသည်။ 

.

၅% ဆန်ကွဲပါ  ဗီယက်နမ်ဆန်<RI-VNBKN5-P1> အမျိုးအစား ခေါ်ဈေး မပြောင်းလဲပါ။ ယခင်သီတင်းပတ်အတိုင်း တစ်တန်လျှင် $425-$430 ရှိသည်။

ကန်ထရိုက်အရ တင်ပို့ရမည့်ဆန် ပမာဏ ရရှိဖို့ ကုန်သည်များ ဆန်အဝယ်များနေသဖြင့် ပြည်တွင်းဆန်ဈေး မြင့်တက်သည်။ သို့သော် ဗီယပ်နမ်ဒေါင် ကန်ဒေါ်လာ ငွေလဲနှုန်း ၈% ကျဆင်းသဖြင့် ဆန်ပို့ကုန်ရငွေ ကန်ဒေါ်လာများအတွက် ရရှိမည့် ဒေါင်ပမာဏ ပိုများသွားသဖြင့် ကုန်သည်များ တွက်ခြေကိုက်နေဆဲ ဖြစ်သည်။ 

နိုဝင်ဘာလ ၁-၁၁ ရက်ပိုင်းတွင် ဖိလစ်ပိုင်နှင့် ပါပူဝါနယူးဂီနီ တို့ထံ အဓိကအားဖြင့် ဆန်တင်ပို့သည်။

Source Reuters

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 05 November 2022 14:32
Rate this item
(0 votes)