Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးတက်နေ၍ မြန်မာ့ဆန် ၀ယ်ယူရန် ကမ်းလှမ်းမှုများလာ

ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးတက်နေ၍ မြန်မာ့ဆန် ၀ယ်ယူရန် ကမ်းလှမ်းမှုများလာ google.com

ထိုင်းနှင့် ဗီယက်နမ်က ဆန်ဈေးနှုန်း မြှင့်တင်လိုက်သဖြင့် အာဆီယံဒေသတွင်း နိုင်ငံများတွင်

အသက်သာဆုံးဖြစ်သည့် မြန်မာ့ဆန်ကို နိုင်ငံခြားဆန်ကုန်သည်များက ၀ယ်ယူရန်ကမ်းလှမ်းမှု များလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

 

နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်းကြောင့် အာဆီယံဒေသတွင်း နိုင်ငံများ၌ ဆန်အများဆုံး ရောင်းချနေသည့် ထိုင်းနှင့် ဗီယက်နမ်တို့က ဆန်ဈေးနှုန်းကို ၄ ရာခိုင်နှုန်းခန့် မြှင့်တင်ခဲ့ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်အချို့က ပြောကြားသည်။ 

 

ထို့ကြောင့် နိုင်ငံခြား ဆန်ကုန်သည်များက ဈေးနှုန်းမြှင့်တင်ခြင်းနည်းပါးသည့် မြန်မာနိုင်ငံကို ပိုမိုအာရုံစိုက်လာခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

 

တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၁၀ သန်းခန့် တင်ပို့နေသည့် ထိုင်းနိုင်ငံက ဇွန်လအတွင်း ဆန်ဈေးနှုန်းကို မြှင့်တင်ခဲ့သည်ဟု ထိုင်းဆန်ကုန်သည်အသင်း ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

 

အကျိုးအကြေ ၅ ရာခိုင်နှုန်း ပါဝင်သည့် ထိုင်းဆန်ဖြူ တစ်တန်၏ဈေးနှုန်းကို ကန်ဒေါ်လာ ၄၃၈ မှ ၄၅၅ ဒေါ်လာသို့ မြှင့်တင်လိုက်သည်ကို ဖော်ပြထားသည်။

 

ထို့အတူ ဗီယက်နမ်က ဇွန်လအတွင်း အကျိုးအကြေ ၅ ရာခိုင်နှုန်းပါဝင်သည့် တစ်တန် လျှင် ကန်ဒေါ်လာ ၃၆၀ မှ ၃၉၀ သို့ မြှင့်တင်ခဲ့သည်ဟု ဗီယက်နမ်သတင်းဌာနတစ်ခုက  ဖော်ပြသည်။

 

ယင်းနိုင်ငံများက ဆန်ဈေးနှုန်း မြှင့်တင်ခဲ့သော်လည်း မြန်မာနိုင်ငံ မှ လက်ရှိဆန်ဈေးနှုန်းသည် အကျိုးအကြေ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဖြူ တစ်တန်လျှင် ကန်ဒေါ် လာ ၃၆၀ ခန့်သာ ဈေးရရှိသည်။

 

 ‘‘ပြည်ပတင်ပို့မှုက လော လောဆယ်တော့ ပုံမှန်ပဲ။ ဈေး ကွက်အသစ်တွေတော့ ရလာနိုင်တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက် တာစိုးထွန်းက ပြောသည်။

 

ထို့အပြင် ယခုလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ပင်လယ် ရေကြောင်း ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့ရန် ရှိနေကြောင်း ပြည် ပဆန်တင်ပို့နေသည့် လုပ်ငန်းရှင် အချို့ကပြောသည်။ အာဖရိက နိုင်ငံများသို့ ဆန်တင်ပို့ရန် သင်္ဘောအ၀င်များရှိကြောင်း ဆန်လုပ်ငန်းရှင်များထံ မှ သိရသည်။

 

‘‘ရေလမ်းက ဆန်တင်ပို့မှုက ဒီနှစ်မှာ အလားအလာ ကောင်းနိုင်တယ်’’ဟု ပြည်ပဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ခန့်မှန်းပြောကြားသည်။

 

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တစ်လကျော်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန် ချိန်နှစ်သိန်းကျော် ပိုမိုတင်ပို့ထား နိုင်သည်။ ယခု ဘဏ္ဍာနှစ် မေလတတိယပတ်အထိ ပြည်ပဆန် တင်ပို့မှုသည် တန်ချိန်သုံးသိန်းခွဲ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာ လတူက တန်ချိန် ကိုးသောင်း ကျော်သာရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန စာရင်းများအရ သိရ သည်။

 

ပြည်ပသို့ ဆန်တင်ပို့မှုအ ခွင့်လမ်းကောင်းများ ယခင်နှစ် ထက် ပိုမိုရရှိလာခြင်းကြောင့် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါး ဈေးနှုန်းသည် တင်းတစ်ရာလျှင် လေးသိန်းခွဲခန့် ရှိနိုင်သည်ဟု ပြည်ပသို့ဆန်တင်ပို့သည့် လုပ်ငန်း ရှင်အချို့က ခန့်မှန်းနေသည်။

 

‘‘ဒီနှစ်စပါးဈေးကို လေးသိန်း ခွဲပတ်ချာလည်လောက်ရမှ လယ် သမားက မရှုံးမှာပါ။ လေးသိန်း အောက်ရောက်သွားရင် လယ်သ မားအတွက် အကြွေးပိုတိုးသွား မယ်’’ဟု လွတ်လပ်သော တောင် သူလယ်သမားအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

 

၂၀၁၆ က မိုးစပါးပေါ်ချိန် တွင် စပါးဈေးနှုန်း ကျဆင်းမှု ကြောင့် လယ်သမားများ အခက် အခဲကြုံတွေ့ရသဖြင့် ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်၌ ငွေချေး၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေရကြောင်း ၎င်းကပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:32
Rate this item
(1 Vote)