Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၂ ဒသမ ၈၆ သန်း၊

နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၀ ဒသမ ၃၄ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၅၃ ဒသမ ၂၀ သန်းဖြစ်ပါတယ်။

 

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃၄ ဒသမ ၅၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၄၁ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀၇ ဒသမ ၉၅ သန်းဖြစ်ပါတယ်။

 

သို့ဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၆၁ ဒသမ ၁၅ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၇၅ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လ ၈၄၉၆ ဒသမ ၂၅ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၈၃ ဒသမ ၇၂ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၄၇၉ ဒသမ ၉၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၇၄ ဒသမ ၃၂ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၀၁၀ ဒသမ ၂၃ သန်းဖြစ်သဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၄၉၀ ဒသမ ၂၀ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၅၃၀ ဒသမ ၂၆ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေအစီရင်ခံစာအရ သိရှိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:35
Rate this item
(1 Vote)