Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်

အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်သည့် (G to G) စနစ်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏စီစဉ်မှုဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုပေါင်းရောင်းချတင်ပို့ရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လိုသည့်

အသင်းဝင်ကုမ္ပဏီများကို မတ်လ ၁၃ ရက်နေ့မှ စတင်ဖိတ်ခေါ်ထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

 

ပူးပေါင်းဆောင်ရွက်လိုသည့် အသင်းဝင်ကုမ္ပဏီများရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်အကြောင်းကြားရန်နှင့် အသင်းချုပ်ဖေ့စ်ဘွတ်ပေ့ခ်ျတွင်ဖော်ပြထားသည့် ကုမ္ပဏီ Letter Head ကိုဖြည့်စွက်၍ မတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား တင်ပြလျှောက်ထားနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

 

အသင်းချုပ်က သတ်မှတ်ထားသည့်အတိုင်း စာရင်းပေးသွင်း အဆိုပြုထားသည့် ကုမ္ပဏီများကိုဖိတ်ခေါ်၍ ပို့ကုန်တင်ပို့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီစီစဉ်ပေးသွားမည်ဖြစ်သည်။

 

မန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖော်ပြထားသည့် ကုမ္ပဏီ Letter Head တွင် နှစ်စဉ်ဆန်နှင့် ဆန်ကွဲတင်ပို့သည့်ပမာဏ၊ ကုမ္ပဏီ၏ ဆန်သိုလှောင်ရုံများ အကျယ်အဝန်း၊ တင်ပို့သည့် ဆန်အမျိုးအစား၊ လယ်သမားနှင့်အကျိုးတူ လယ်ယာလုပ်ငန်း၊ စုစုပေါင်းစိုက်ဧက၊ ဆန်စက်တစ်နေ့ထုတ်လုပ်နိုင်မှုများကို ဖြည့်စွက်ရမည်ဖြစ်သည်။

 

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်၍ G to G အစီအစဉ်အပါအဝင် စုပေါင်းရောင်းချသည့် အစီအစဉ်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲအပြီးတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

 

Source: The Voice

Read times
Rate this item
(1 Vote)