Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ပစ္စည်းငါးမျိုးကို နိုင်ငံခြားကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြု

လယ်ယာလုပ်ငန်းသုံး သွင်းအားစုပစ္စည်းသုံးမျိုးအပါအ ၀င် ဆေးရုံသုံးကိရိယာနှင့်

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို ဇွန်လ ၁၂ ရက်က စတင်၍ နိုင်ငံခြားကုမ္ပဏီများကို ကုန်သွယ်ခွင့်ပေးလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီး ဌာနက သတင်းထုတ်ပြန် သည်။

 

နိုင်ငံခြား ကုမ္ပဏီများအား အဆိုပါပစ္စည်းများကုန်သွယ်ခွင့် ပြုရာတွင် တည်ဆဲဥပဒေ၊ စည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်သော စံချိန်စံညွှန်း အတိုင်း ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံကဲ့သို့ စံချိန်စံ ညွှန်းသတ်မှတ်မှုနှင့် စစ်ဆေးမှု အားနည်းချက်များရှိနေသော နိုင် ငံတွင် နိုင်ငံခြားသားများကို ကုန် သွယ်ခွင့်ပေးရာ၌ သတိထားရန် လိုအပ်သည်ဟု မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

 

‘‘ဆေးပစ္စည်းတချို့မှာလည်း စံချိန်စံညွှန်း သတ်မှတ်ချက်လို အပ်ချက်တွေ အများကြီး ရှိနေ သေးတယ်။ ဒါကို အခွင့်ကောင်း ယူပြီး မကောင်းတဲ့ပစ္စည်းတွေ သွင်းလာရင်ခံရမှာပဲ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ တာဝန်သိတဲ့ ကုမ္ပဏီတွေဆိုရင်တော့ ပြည်သူ တွေအကျိုးရှိတယ်’’ ဟု ဒေါက် တာ မောင်မောင်လေးက ပြော ကြားသည်။

 

နိုင်ငံခြားကုမ္ပဏီများက တိုက်ရိုက်ကုန်သွယ်ခွင့်ရရှိသော ကုန် ပစ္စည်းများသည် သုံးစွဲသူပြည်သူ များအနေဖြင့် ဈေးသက်သာသည့် အခွင့်အရေးရရှိနိုင်သော်လည်း နိုင်ငံတကာတွင် မသုံးသင့်သည့် ကုန်ပစ္စည်းများ စုပြုံဝင်ရောက် လာမည့် အခြေအနေကို သတိထားသင့်သည်ဟု ၎င်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် လယ်ယာ လုပ်ငန်းသုံး သွင်းအားစုများဖြစ် သော ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးနှင့် မျိုးစေ့တို့ကို နိုင်ငံခြား သားကုမ္ပဏီများအား ကုန်သွယ် မှုပေးခြင်းသည် လယ်သမားများ ၌ ဈေးသက်သာသည့် အခွင့်အရေးရနိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:30
Rate this item
(1 Vote)