Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သုံး လတာအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂၅၆ သန်းကျော်ရရှိ

Unicode

သုံး လတာအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂၅၆ သန်းကျော်ရရှိ

 

သုံး လတာအတွင်း ဆန်မက်ထရစ်တန်ချိန် ၉ သိန်းဝန်းကျင်အထိ ပြည်ပကိုတင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလကုန်ပိုင်းအထိ ဆန်မက်ထရစ်တန်ချိန် ၆ သိန်းကျော်နဲ့ ဆန်ကွဲတန်ချိန် ၂ သိန်း ၉ သောင်းဝန်းကျင်အထိ တင်ပို့ခဲ့ပါတယ်။

 

ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ဆန်တန်ချိန် ၇ သိန်း ၆ သောင်းကျော်တင်ပိုခဲ့ပြီး ကန်ဒေါ်လာ ၂၂၁ သန်း ကျော်ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ဆန်တန်ချိန် ၁ သိန်း ၃ သောင်းကျော် တင်ပိုခဲ့ပြီး ကန်ဒေါ်လာ ၃၄ သန်းကျော်ရရှိခဲ့ပါတယ်။

 

Read More >>>>>   အစားအေသာက္နဲ႕သက္ဆိုင္တဲ့ ျပပြဲ(၃)ပြဲကို တစ္ၿပိဳင္နက္တည္းက်င္းပသြားမည္

 

နိုင်ငံပေါင်း ၅၃ နိုင်ငံကိုတင်ပိုခဲ့ရာ အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ တရုတ်နိုင်ငံကို တန်ချိန် ၂ သိန်းခွဲ၊ မာဒါစကာကို ဆန်တန်ချိန် ၈ သောင်း ၇ ထောင်ကျော်၊ မလေးရှားနိုင်ငံကိုတန်ချိန် ၂ သောင်း ၇ ထောင်ကျော်၊ ကင်မရွန်းနိုင်ငံကိုတန်ချိန် ၂ သောင်း ၄ ထောင်ကျော်နဲ့ မူဇမ်ဘာ့နိုင်ငံကို တန်ချိန် ၂ သောင်း ၃ ထောင်ကျော်တင်ပိုခဲ့ပါတယ်။

 

စုစုပေါင်းဆန်တန်ချိန် ၈၉၄,၈၈၉ တင်ပို့မှုမှ ကန်ဒေါ်လာ၂၅၆ သန်းကျော်အထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။


# MFID  
# Ref: မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

 

 

သံုး လတာအတြင္း ျပည္ပသို႔ဆန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ၂၅၆ သန္းေက်ာ္ရရွိ

 

သံုး လတာအတြင္း ဆန္မက္ထရစ္တန္ခ်ိန္ ၉ သိန္းဝန္းက်င္အထိ ျပည္ပကိုတင္ပို႔ခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

 

ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာ ၁ ရက္ေန႔မွ ဒီဇင္ဘာလကုန္ပိုင္းအထိ ဆန္မက္ထရစ္တန္ခ်ိန္ ၆ သိန္းေက်ာ္နဲ႔ ဆန္ကြဲတန္ခ်ိန္ ၂ သိန္း ၉ ေသာင္းဝန္းက်င္အထိ တင္ပို႔ခဲ့ပါတယ္။

 

ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးမွ ဆန္တန္ခ်ိန္ ၇ သိန္း ၆ ေသာင္းေက်ာ္တင္ပိုခဲ့ၿပီး ကန္ေဒၚလာ ၂၂၁ သန္း ေက်ာ္ရရွိခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးမွ ဆန္တန္ခ်ိန္ ၁ သိန္း ၃ ေသာင္းေက်ာ္ တင္ပိုခဲ့ၿပီး ကန္ေဒၚလာ ၃၄ သန္းေက်ာ္ရရွိခဲ့ပါတယ္။

 

Read More >>>>>   အစားအေသာက္နဲ႕သက္ဆိုင္တဲ့ ျပပြဲ(၃)ပြဲကို တစ္ၿပိဳင္နက္တည္းက်င္းပသြားမည္

 

ႏိုင္ငံေပါင္း ၅၃ နိုင္ငံကိုတင္ပိုခဲ့ရာ အမ်ားဆုံးတင္ပို႔ခဲ့တဲ့ႏိုင္ငံေတြမွာ တ႐ုတ္ႏိုင္ငံကို တန္ခ်ိန္ ၂ သိန္းခြဲ၊ မာဒါစကာကို ဆန္တန္ခ်ိန္ ၈ ေသာင္း ၇ ေထာင္ေက်ာ္၊ မေလးရွားႏိုင္ငံကိုတန္ခ်ိန္ ၂ ေသာင္း ၇ ေထာင္ေက်ာ္၊ ကင္မရြန္းႏိုင္ငံကိုတန္ခ်ိန္ ၂ ေသာင္း ၄ ေထာင္ေက်ာ္နဲ႔ မူဇမ္ဘာ့ႏိုင္ငံကို တန္ခ်ိန္ ၂ ေသာင္း ၃ ေထာင္ေက်ာ္တင္ပိုခဲ့ပါတယ္။

 

စုစုေပါင္းဆန္တန္ခ်ိန္ ၈၉၄,၈၈၉ တင္ပို႔မႈမွ ကန္ေဒၚလာ၂၅၆ သန္းေက်ာ္အထိရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

 


# MFID  
# Ref: ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္

Read times Last modified on Thursday, 30 January 2020 14:47
Rate this item
(0 votes)